ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါး အစာငတ်ခံဆန္ဒပြ
Dawei Watch
February 9, 2024မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦး အစာငတ်ခံဆန္ဒပြနေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်ရိုက်နှက်ပြီး အကျဉ်းထောင်တိုက်ထဲ ပို့ဆောင် ခဲ့သည်ကို မကျေနပ်ရာမှ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးတို့က ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီကစပြီး အစာငတ်ခံဆန္ဒပြကြောင်း PPNM က ထုတ်ပြန်ထားသည်။ အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့်အနေဖြင့် နိုင်ငံရေး အကျဉ်းသား ၁၆၄ ဦး တို့ကလည်း အကျဉ်းထောင်က ပေးသည့် အစားအသောက်များကို စားသောက်သုံးစွဲခြင်း မပြုဘဲ ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။ အစာငတ်ခံသည့်ရက် အနည်းငယ်ကြာမြင့်လာသဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ အလွန် စိုးရိမ်နေရသည်ဟု ထောင်ဝန်ထမ်းကလည်း […]