ချောင်းဆုံ မုဒွန်းရွာ မီးလောင်ပြီး နေအိမ် ၁၆ လုံး ပျက်စီးဆုံးရှုံး
Dawei Watch
February 20, 2024မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ၊ မုဒွန်းကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုကြောင့်နေအိမ် ၁၆ လုံး ပျက်စီးဆုံးရှုံးကြောင်း ရွာခံတို့ထံမှ သိရသည်။ မုဒွန်းကျေးရွာ၊ ရပ်ကွက် ၁၂ အတွင်းရှိ ဒေါ်အေးဝင်းနေအိမ်တွင် ဆိုလာပြားဖြင့် ဘတ္ထရီအားသွင်းထားရမှ အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “လေတိုက်ပြင်းနေတဲ့အချိန်မှာဆိုတော့ အကုန်လုံးကို ကူးစက်သွားတယ်။ ဘာမှ ယူမနိုင်ခဲ့ဘူး။ လူတောင် မနည်းပြေးရတယ်။ ခဏလေးအတွင်းမှာပဲ မိနစ်ပိုင်းအတွင်းမှာပဲ လောင်ကုန်တာ” ဟု မုဒွန်းရွာခံတစ်ဦးက ပြောသည်။ မီးလောင်မှုကို ချောင်းဆုံနှင့် မော်လမြိုင်မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံ ပြည်သူတို့၏ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ရွာခံတို့ထံမှ […]