BREAKING
May 28, 2024

ခရီးသွားဆောင်းပါး

မော်လမြိုင် သံလွင်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ မွန်အမျိုးသားနေ့မှ ပြန်လာသူ ၇ ဦး ဒဏ်ရာရ

diz_admin

February 25, 2019

မော်လမြိုင် သံလွင်တံတားပေါ်တွင် ကားနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားမှ ပြန်လာသည့် လူငယ် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ အချိန်ခန့်က မော်လမြိုင်မှ မုတ္တမဘက်သို့ မောင်းနှင်သည့် ယာဉ်သည် အရှေ့ရှိ မော်တော်ယာဉ်တစ်စီးကို ကျော်တက်စဉ် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားမှ ပြန်လာသည့် ယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားမှ ပြန်လာသည့် ကားပေါ်မှ လူငယ် ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လူသေဆုံးမှု မရှိကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ဝင်တိုက်သည့် ယာဉ်မှယာဉ် မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း […]

ကားကြုံဖြင့် ကျောင်းတက်နေရသည့် ရေဖြူကျောင်းသားများအတွက် ကျောင်းကားပြေးဆွဲရန် အစီအစဉ် မရှိ

diz_admin

February 25, 2019

ရေဖြူမြို့နှင့် ကလိန်အောင်မြို့အကြားရှိ ကားကြုံဖြင့် ကျောင်းတက်နေရသော အခြေခံပညာ ကျောင်းသားများ အတွက် ကျောင်းကားစီစဉ်ပေးရန် မရှိသေးကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ၀န်ကြီးဦးဟိုပင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရေဖြူမြို့နှင့် ကလိန်အောင်မြို့ နှစ်ခုအကြားရှိ ကျေးရွာများတွင် အခြေခံပညာ မူလတန်းနှင့် မူလွန်ကျောင်းများ သာရှိပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းများ မရှိပေ။ ယင်းကြောင့် အလယ်တန်းနှင့် အထက်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူအချို့သည် အများဆုံး မိုင် ၃၀ ကျော်ဝေးသည့် ကလိန်အောင်မြို့ရှိ အထက်တန်းကျောင်းနှင့် ယင်းမြို့အနီးရှိ ကျောက်ရှပ်ရွာ အလယ်တန်းကျောင်း(ခွဲ) ကို နီးရာကားကြုံများဖြင့် တက်ရောက်နေရကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက ပြောသည်။ ရေဖြူမြို့နှင့် […]

တနင်္သာရီတိုင်းတွင် ခရီးသွားဇုန်ကြေး စမ်းသပ်ကောက်ခံ

diz_admin

February 21, 2019

တနင်္သာရီတိုင်းပင်လယ်ပြင်ရှိ ကျွန်းများသို့ နေ့ချင်းပြန်သွားရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင်ကြေး ကျပ်ငါးထောင်နှုန်းကို ဇန်န၀ါရီလ ၂၀ ရက်မှ စတင်ကာ စမ်းသပ်ကောက်ခံခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ဟိုတယ်/ခရီး)ရုံးမှ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ယင်းသို့ဇုန် ၀င်ကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများကို ခရီးသွားလုပ်ငန်းအား အထောက်အကူ ဖြစ်စေမည့် ဆိပ်ခံတံတားကဲ့သို့သောအခြေခံ အဆောက်အအုံများ ဆောက်လုပ် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်/ ခရီးရုံးမှ အထက်ပါ တာဝန်ရှိသူက ဆိုသည်။ “ဇုန်ဝင်ကြေးကောက်လို့ ဧည့်သည် မကျသွား(၀င်ရောက်မှုမနည်း) ဘူးဆိုရင် အတည်သတ်မှတ်သွားဖို့ ရှိတယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ခရီးသွားဇုန်ကြေးကို ထားဝယ်ခရိုင်တွင် စမ်းလှမ်းကျေးရွာ၊ မြိတ်တွင် မြို့မဘောတံတားနှင့် ကော့သောင်းရှိ မြို့မဘောတံတားတို့တွင် ကောက်ခံနေ ကြောင်း ၎င်းက […]

သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် ဖွင့်လှစ်

diz_admin

February 20, 2019

ကျွန်းစုမြို့နယ်အတွင်းရှိ သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ဖေဖော်ဝါရီလ ၁၂ ရက်မှစပြီး ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမီတက်ထံမှ သိရသည်။ သဲနှစ်တန်းကျွန်းစခန်းခွဲသည် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာအတ္တလန်တစ် ကုမ္ပဏီလီမီတက်တို့ အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် ဧရိယာထဲတွင် ပါဝင်ကြောင်း ယင်းကုမ္ပဏီလီမိတက်မှ သိရသည်။ မြိတ်ကျွန်းစုအတွင်းရှိ ကန့်သတ်နယ်မြေတစ်ခုဖြစ်သည့် ပုလဲမွေးမြူရေးလုပ်ငန်းခွင်များသို့ လည်ပတ်ခွင့်ကို ပြီးခဲ့ သည့်နှစ် အောက်တိုဘာလ ၁ ရက် မှစ၍ စတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်းကဲ့သို့ ခွင့်ပြုပေးပြီးနောက် မြန်မာအတ္တလန်တစ်၏ ပုလဲမွေးမြူရေး လုပ်ငန်းခွင်သို့ လည်ပတ်ခွင့်ပေးထား ရာမှာ ယင်းနေရာအစား သဲနှစ်တန်းကျွန်း အားပုလဲစခန်းခရီးသွားလုပ်ငန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမိတက် ၀န်ထမ်းတစ်ဦးက ပြောပြသည်။ ပုလဲမွေးမြူရေးစခန်းများသို့ လည်ပတ်ခွင့်ကို မြိတ်ကျွန်းစုအတွင်းရှိ မြန်မာအတ္တလန်တစ်ကုမ္ပဏီ၊ ကော့သောင်းခရိုင် အတွင်းရှိ […]

ထားဝယ် – ထီးခီး ယာဉ်လိုင်း တစ်နှစ်ထက်တစ်နှစ် လျော့နည်း

diz_admin

February 20, 2019

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ တရားဝင်ပြေးဆွဲနေသည့် ထားဝယ် – ထီးခီးယာဉ်လိုင်းများ တစ်နှစ် ထက်တစ်နှစ် လျော့နည်းလာကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်ကြီးကြပ်ရေးအသင်းထံမှ သိရသည်။ ၂၀၁၇ ခုနှစ်တွင် ထားဝယ် – ထီးခီး ယာဉ်လိုင်း ၂၃ ရှိသော်လည်း ယခု ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် ယာဉ်လိုင်း ၁၆ လိုင်းသာ ကျန်တော့ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်မိုးက ပြောသည်။ ထို့အပြင် ယာဉ်လိုင်းတစ်ခုချင်းတွင် ပြေးဆွဲသည့် မော်တော်ယာဉ် အစီးရေလည်း လျော့ကျလာကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကာလတွင် ထားဝယ်-ထီးခီး သို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုလျှင် ယာဉ် အစီးရေ ၅ စီးမှ ၁၅ စီးခန့်အထိရှိပြီး ယခု […]

နိုင်ငံတော် အတိုင်ပင်ခံအား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ကြိုးပမ်း

diz_admin

February 20, 2019

တနင်္သာရီတိုင်းအစိုးရအဖွဲ့အား ဆုံးမရန် လာရောက်ခြင်းဖြစ်သည်ဟု မြိတ်ခရီးစဉ်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ထားဝယ်မြို့ခံတချို့က ကြိုးပမ်းခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၅ ရက်က ထားဝယ်မြို့ကို ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် “အမေ့အတွက် လက်ဆောင် ထားဝယ်ကြိမ်” စာတမ်းပါ ဆိုင်ဘုတ်ကိုင်ဆောင်ပြီး ထားဝယ်ကြိမ် လုံး ၁၂ လုံးကိုပေးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကားပေါ် တွင်ရှိနေအချိန် ပေးရန် အဆင်မပြေသဖြင့် မြို့တော်ခန်းမအတွင်း ပေးရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးအဖွဲ့က ထားဝယ်ကြိမ်လုံး ယူဆောင်ခွင့်မပြုသဖြင့်ပေးခွင့် မရခဲ့ကြောင်း ယင်းကြိမ်လုံပေးရန် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည့် ဦးရာဇာစိုးက ပြောသည်။ “တကယ်ကတော့ ကျကျနနပေးဖို့တောင် စဉ်းစားထားတာ။ ဒါပေမယ့် ပေးခွင့်မရလိုက်ဘူးပေါ့။ အဓိကကတော့ တိုင်းအစိုးရကို ဆုံးမဖို့လာတာလို့ ပြောတဲ့ […]