BREAKING
November 2, 2025

ကုန်ကားတစ်စီး မလွှဲတောင်အနီး မီးလောင်

June 30, 2023

ရန်ကုန်မှ တနင်္သာရီတိုင်းကိုမောင်းနှင်လာသည့် ကုန်တင်ကားတစ်စီး ဇွန်လ ၂၉ ရက် ညနေပိုင်းတွင် မလွှဲတောင်စစ်ဆေးရေးဂိတ်အနီးတွင် မီးလောင်ကျွမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကြက်စာများတင်ဆောင်လာသည့် အဆိုပါကုန်ကားသည် မွန်ပြည်နယ် ရေးမြို့အလွန် ၁၃ မိုင်ခန့်အကွာ မလွှဲတောင် တောင်ခြေရင်းအနီးတွင် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ရေးမြို့အခြေစိုက် လူမူကူကယ်ဆယ်‌ရေး အသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

မလွှဲတောင်မှာ မွန်တနင်္သာရီအစပ်တွင်ရှိပြီး တောင်ထိပ်တွင် စစ်ဆေးရေးဂိတ်ရှိသည်။

“ကားကတော့ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ်” ဟု လူမူကူညီရေးအသင်းတာဝန်ရှိသူကဆိုသည်။

မီးလောင်မှုကြောင့် ကားဦးခေါင်းပိုင်းအများစုလောင်ကျွမ်းပြီး ကိုယ်ထည်တွင်လည်းမီးဟပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ကားပေါ်တင်ဆောင်လာသည့် ကြက်စာအချို့မီးလောင်ကျွမ်းခဲ့သော်လည်း ကားမောင်းသမား ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟုဆိုသည်။

မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမူကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းမီးငြိမ်သတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီခွဲအချိန်တွင် မီးငြိမ်သွားခဲ့ကြောင်း သိရသည်။