testing

အမေရိကန်နဲ့ တရုတ်အကြား သံတမန်ဆက်ဆံရေး ၁၉၇၉ ခုနှစ်မှာ ပြန်ထူထောင်လာခဲ့သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် တံခါးဖွင့်ပေးခဲ့တယ်။ အကျိုးဆက်အားဖြင့် စျေးပေါတဲ့လုပ်အားနဲ့ ငှားရမ်းတဲ့ ကုန်ကျ စရိတ်နည်းတာကို လိုချင်ကြတဲ့အတွက် ပြည်တွင်းကို ငွေတွေစီးဝင်လာခဲ့ပါတယ်။

“၁၉၇၀နှစ်တွေ အကုန်ပိုင်းကစပြီး သမိုင်းတခုလုံးမှာ ဘယ်တုန်းကမှ မတွေ့ရဖူးတဲ့ စီးပွားရေးတိုးတက်မှု အကောင်းဆုံးအခြေအနေကို မြင်ခဲ့ကြရပါတယ်” လို့ စတန်းဒတ် ချာတာ ဘဏ်က စီးပွားရေးပညာရှင်အကြီးအကဲ ဒေးဗစ် မန်းက ပြောပါတယ်။

၁၉၉၀နှစ်တွေ တလျောက်လုံး တရုတ်က အလျင်အမြန်တိုးတက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဝင်နိုင်တဲ့ ၂၀၀၁ မှာ ပိုအဆင့်တက်လာပါတယ်။ တခြားကုန်သွယ်ဘက်နိုင်ငံတွေက ကုန်သွယ်ရေးအတားအဆီးတွေ လျှော့ချတာ၊ တင်သွင်းခွန်တွေ လျှော့ချပေးတဲ့အခြေအနေတွေကြောင့် တရုတ်ကုန်ပစ္စည်းတွေက ကမ္ဘာတလွှားမှာပါ။