Wednesday, March 20, 2019
Home Tags #မြိတ်

Tag: #မြိတ်

လူခုနစ်ဆယ်ကျော် လူကုန်ကူးခံရ သည်ဆိုသည့်သတင်း မဟုတ်မှန်ဟုဆို

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မော တောင်နယ်စပ်တွင် မြို့မရပ်ကွက်ရှိ နေ အိမ်တစ်ဆောင်တွင် မတ်လ ၅ ရက်နေ့ က လူကုန်ကူးခံရသူ ၇၀ ကျော်တွေ့ရှိ သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း မောတောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ကျော်ဝင်းက ပြောသည်။ အထက်ပါနေအိမ်တွင် တည်းခို နေထိုင်နေသူများမှာ...

ကုန်စိမ်းဈေးသစ် ဧပြီ ဖွင့်မည်၊ ဈေးဟောင်းတွင် ရောင်းချိန် ကန့်သတ်မည်ဟုဆို

အသစ်ဆောက်လုပ်ပြီးစီးနေပြီဖြစ် သည့်၊ ရှမ်းချောင်းရပ်ကွက်ရှိ ကုန်စိမ်း ဈေးအား လာမည့် ဧပြီလ ၁ ရက်တွင် စတင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး လက်ရှိ ဈေးအဟောင်းကိုမူ ဈေးရောင်း ချိန် ကန့်သတ်သွားမည်ဖြစ်ကြောင်း     မြိတ်မြို့နယ် စည်ပင်သာယာရေးကော် မတီထံမှ သိရသည်။ ကန်ဖျားရပ်ကွက်ရှိ ကုန်စိမ်းဈေး အဟောင်းမှ...

မြိတ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး တက်ထိုင်

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ပေါ်သို့ ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးတစ်ဦး တက်ထိုင်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့သူမြို့သားများထံမှ သိရသည်။ အသက် ၅၀ ခန့်စိတ်ကျန်းမာရေး မကောင်းသူ...

တနင်္သာရီမြို့အား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် သတ်မှတ်ခြင်း လက်မခံဟုဆို

မြိတ်ခရိုင် တနင်္သာရီမြို့အား ရှေး ဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန် အဖြစ် သတ်မှတ်ထားသည်ကို လက်မခံ နိုင်ဟု တနင်္သာရီမြို့သူ/သားများက ပြောသည်။ ရှေးဟောင်းဇုန်သတ်မှတ်ထားခြင်း နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်၊ စည်ပင်ကော်မတီ၊ ထွေ/အုပ်နှင့် ပြည်သူလူထုတွေ့ဆုံပွဲတစ်ခုကို မတ်လ ၁ ရက်က တနင်္သာရီမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ရာ...

မြိတ်တွင် ဆေးလိပ်မီးကျရာမှ လှေသုံးစီး မီးလောင်

မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ကျောက်တံတားဆိပ်တွင် မတ်လ ၁ ရက်က လှေသုံးစီး မီးလောင်ကျွမ်းခဲ့သည်။ ဆီတင်လှေနှင့် ဘေးချင်းကပ်လှေ ပေါ်မှ ကုန်တင်ကုန်ချအလုပ်သမားတစ် ဦးပစ်ချခဲ့သည့် ဆေးလိပ်မီးကျရာမှ ဆီသယ်လှေ မီးလောင်ကျွမ်းခဲ့သည့်အပြင် ကုန်တင်လှေတစ်စီးနှင့် ခရီးသည်တင်လှေ တစ်စီးတို့ပါ မီးလောင်ကျွမ်းခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မြိတ်နှင့် ကော့သောင်းတွင် ကမ်းဇော်ပင် လေးသောင်းကျော် စိုက်မည်

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ  ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေပေါ်တွင် ကမ်းဇော်ပင် လေးသောင်းကျော် စိုက်ပျိုး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းသစ်တော ဦးစီးဌာနထံမှ သိရသည်။ ယင်းကမ်းဇော်ပင်လေးသောင်း ကျော်ကို မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလော နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စိုက်ပျိုးမည် ဖြစ်ကြောင်း အထက်ပါဌာန...

မြိတ်တွင်လှေသုံးစီးမီးလောင်

မြိတ်မြို့၊ တလိုင်းစုရပ်ဆိပ်ကမ်းအနီးရပ်ထားသည့် ကုန်တင်လှေကြီးတစ်စီးနှင့် ငါးဖမ်းလှေကြီးတစ်စီး ယနေ့ညနေ ၄ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့သည်။ ညနေ ၅ နာရီအထိ မီးငြိမ်းသတ်လျက်ရှိပြီး မီးစတင်လောင်ကျွမ်းသည့်အကြောင်းအရင်းကို မူ မသိရသေးပေ။သတင်းနှင့် ဓာတ်ပုံ - ကိုဆန်း/Dawei...

အားကစားရန်ပုံငွေ မြိတ်နှင့် ကော့သောင်းအတွက် ပိုသုံးရန် လျာထား

အားကစားကဏ္ဍအတွက် တိုင်းအစိုးရ၏ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေတွင် မြိတ်နှင့် ကော့သောင်းခရိုင်တွင် ပိုမို အသုံးပြုရန် လျာထားတင်ပြထားကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းဖြည့်စွက်ရန်ပုံငွေတွင် မြိတ်ခရိုင် ပုလောမြို့နယ် အားကစားကွင်း ကွန်ကရစ်ခင်းရန်၊  ဖူဆယ်ဘောလုံးကွင်းဆောက်ရန်နှင့်  ကျွန်းစုမြို့နယ် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမ အကြားရှိ...

ကုန်ကြွေးနှင့် လုပ်အားခ ကျပ်သိန်းခြောက်ရာနီးပါး ကုမ္ပဏီပိုင်ရှင် လာမရှင်းဟု စွပ်စွဲ

တင်ဒါအောင်လုပ်ငန်းများပြီးစီးခဲ့ပြီး ဖြစ်သော်လည်း လုပ်အားခနှင့် ကုန်ပစ္စည်း အကြွေး ကျပ်သိန်းခြောက်ရာနီးပါးအား ကုမ္ပဏီပိုင်ရှင်မှ လာရောက်ရှင်းလင်းပေး ချေခြင်းမရှိသေးကြောင်း ယင်းကုမ္ပဏီ၏ ထွေထွေမန်နေဂျာနှင့် အလုပ်သမားအချို့က စွပ်စွဲပြောဆိုလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ V.S.C Group ကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် အလုပ်သမား ၁၂ ဦးသည် ဖေဖော်ဝါရီ လ...

အခြေခံ အိမ်တွင်းလျှပ်စစ်မီးသွယ် တန်းခြင်း သင်တန်း လျှောက်နိုင်ပြီ

မြိတ်မြို့နယ်အသင်း(ရန်ကုန်)၊ လူငယ်အသက်မွေးသင်တန်းကျောင်းတွင် ရက်သတ္တပတ် ၆ ပတ်အကြာ အခမဲ့ သင်ကြားပေးမည့် အခြေခံ အိမ်တွင်းလျှပ် စစ်မီးသွယ်တန်းခြင်းသင်တန်းအတွက် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း မြိတ်မြို့မှ စာရင်းလက်ခံပေးနေသူ ဦးမင်းလွင်ဦးထံမှ သိရသည်။ အဆိုပါ သင်တန်းကို မြိတ်မြို့နယ်အသင်း(ရန်ကုန်)မှ ဦးစီးပြီး လူငယ်များအသက်မွေးဝမ်းကျောင်း အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ...
- Advertisement -

MOST POPULAR

HOT NEWS