Monday, August 19, 2019
Home Tags #ရေလုပ်ငန်း

Tag: #ရေလုပ်ငန်း

ကျောက္ကာရွာအနီး ငါးဖမ်းလှေ နစ်မြုပ်၊ လှေသားတစ်ဦး ပျောက်ဆုံးနေ

ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးရှိ ပင်လယ်ပြင်တွင် ကမ်းနီးငါးဖမ်းလှေတစ်စီးနစ်မြုပ်ခဲ့ပြီး အသက် ၇၀ နီးပါး အရွယ် ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေကြောင်း ကျောက္ကာရွာသားအချို့နှင့် မြိတ်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။ သြဂုတ်လ ၂ ရက် နံနက် ၄ နာရီခန့်က လှေဦးစီးနှင့် လှေသား...

ငါးဖမ်းကွက်လေလံ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော်ရ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငါးဖမ်း လုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်း ရှိ သံလွင်မြစ်၊ အတ်္ထရံမြစ်နှင့် ဂျိုင်းမြစ် တို့တွင် ဖမ်းနေသည့် ငါးဖမ်းကွက် (ငါးဖမ်း ပိုက်ချက်)များကို လေလံတင်ရောင်းချ ခဲ့ရာ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော် ရခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။ မော်လမြိုင်၊ ပေါင်၊...

ငါးမဖမ်းရ ရာသီ ငါးခိုးဖမ်းမှုများ ရှိနေဟု ကော့သောင်းဒေသခံ အချို့ဆို

ကမ်းဝေးငါးဖမ်းလှေများ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားချိန်တွင် ကမ်းဝေးလှေကြီးအချို့ ငါးခိုးဖမ်းမှုများ ရှိနေကြောင်း ကော့သောင်းမြို့နယ် ပင်လယ်ရွာများမှ ဒေသခံအချို့က ပြောကြသည်။ ညောင်ဝိကျွန်း၊ ငမန်းကျွန်းအပြင် ဘက်၊ လန်ပိကျွန်းနှင့် ကျွန်းမဲကြီးကြား တို့တွင် ငါးဖမ်းလှေကြီးများက ညဘက် လှေမီး အကုန်ပိတ်ကာ ခေါက်တုန့် ခေါက်ပြန်...

တီလားဗီးယားငါးသားပေါက် ဖောက်လုပ်မှုနှင့် ၀ယ်လိုအား မမျှ

တီလားဗီးယားငါးမွေးမြူသူ တစ် နှစ်ထက်တစ်နှစ် များပြားလာသောကြောင့် ထုတ်လုပ်နိုင်သည့် ငါးသားပေါက်ကောင်ရေနှင့် ၀ယ်လိုအား မမျှဘဲဖြစ်နေကြောင်း ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ တစ်နိုင်တစ်ပိုင်ငါးသားဖောက်စခန်းတွင် ငါးသားဖောက် လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်လွင်က ပြောသည်။ တီလားဗီးယား ငါးမွေးမြူရေး လုပ်ငန်းကို စိတ်ဝင်စားသူ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာသည့်အတွက် ငါးသားပေါက် လိုအပ်ချက်လည်း...

ငါးမဖမ်းရရာသီ ငါးခိုးဖမ်းသည့်လှေ ထိရောက်စွာ အရေးယူမည်

ငါးမဖမ်းရရာသီတွင် ငါးခိုးဖမ်းသည့် ကမ်းဝေး ငါးဖမ်းလှေများကို ထိရောက်စွာ အရေးယူသွားမည်ဟု  မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးက ပြောသည်။ ယခုနှစ် ငါးမဖမ်းရရာသီကို ဇွန်လမှ သြဂုတ်လထိ ၃ လ သတ်မှတ်ထားပြီး  အဆိုပါရာသီအချိန်တွင်  ကမ်းဝေးငါးဖမ်း လှေအားလုံးကို ငါးဖမ်းခွင့်  ပိတ်ပင်ထား...

ငါးမဖမ်းရရာသီတွင် ခိုးဖမ်းသည့် လှေများအားထိရောက်စွာဖမ်းရန်လိုဟု ရေလုပ်ငန်းရှင်များပြော

ငါးမဖမ်းရရာသီတွင် ငါးခိုးဖမ်း သည့်လှေများအား ထိထိရောက်ရောက် ဖမ်းဆီးရန် လိုအပ်ကြောင်း မြိတ်ခရိုင်ရှိ ငါးဖမ်းလှေလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။ ယခုနှစ်တွင် ဇွန်လမှ သြဂုတ်လ အထိ ၃ လ ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားပြီး ကမ်းဝေးငါးဖမ်းလှေ အားလုံးကို ဖမ်းဆီးခွင့်ပိတ်ထားခြင်း ဖြစ်သည်။

ငါးမန်း၊ ငါးလိပ်ကျောက်ထိန်းသိမ်းရေး စီမံချက်ရေးဆွဲ

ပင်လယ်ပြင်တွင် ငါးမန်းနှင့် ငါးလိပ်ကျောက် ထိန်းသိမ်းရေးလုပ်ဆောင်ရန် စီမံချက်မူကြမ်းကို ရေးဆွဲထားပြီးဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်က ပြောသည်။ ငါးမန်းနှင့် ငါးလိပ်ကျောက်များ ထိန်းသိမ်းရေး စီမံချက်မူကြမ်းကို ပင်လယ် နှင့် ထိစပ်နေသည့် တိုင်းနှင့် ပြည်နယ် များသို့ သွားရောက်ကာ ရှင်းလင်းနေကြောင်း...

မြန်မာပိုင်နက်အတွင်း ငါးဖမ်းသည့် ရေလုပ်သားသုံးဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းဘက်က ဖမ်းဆီးထား

ကော့သောင်းမြို့နယ်၊ ယမုံနာရွာ အနီးတွင် ကျားပါးစပ်ပိုက်ဖြင့် ငါးဖမ်းဆီး နေသည့် ယမုံနာရွာသား သုံးဦးကို နယ်စပ် ဖြတ်ကျော် ငါးဖမ်းဆီးနေသည်ဟု ဆိုကာ ထိုင်းစစ်တပ်မှ ဧပြီလ ၁၉ ရက်က လာရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပျဉ်းသားတောကျေးရွာတွင် ငါးငုပ်သည့် အမျိုးသား ရေနစ်သေဆုံး

မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာ အုပ်စုရှိ ပျဉ်သားတောကျေးရွာတွင် ငါးငုပ်(ချောင်း အတွင်းရေငုပ်ပြီးငါးဖမ်း)သည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး ခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးထံမှ သိရ သည်။ မေလ ၆ ရက်ညက အသက် ၄၆ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ကထောင်းနီချောင်းအတွင်း ငါးငုပ်ရင်း...

ကျွန်းစုတွင် ဂြိုလ်တုဖုန်းပါသည့် တရားမ၀င်ငါးဖမ်းလှေ ဖမ်းမိ

ကျွန်းစုမြို့နယ် ပင်လယ်ပြင်တွင် ဂြိုလ်တုဖုန်းတပ်ဆင်ထားသည့် တရားမ၀င် ငါးဖမ်းလှေတစ်စီးကို ဧပြီလကုန်ပိုင်းက ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အနောက်ဆူလာကျွန်း အနောက်ဘက် ၉၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မြောက်ဘက်မှ တောင်ဘက်သို့ ခုတ်မောင်း နေသည့် စက်လှေတစ်စီးအား ကင်းလှည့်နေသော တပ်မတော်စစ်ရေယာဉ်က မသင်္ကာသဖြင့်...
- Advertisement -

MOST POPULAR

HOT NEWS