Tag: အကျဉ်းသားသေဆုံး
မြိတ်ရဲဘက်စခန်းတွင် အကျဉ်းသားလူငယ်တစ်ဦး ကျောက်တုံးပိသေဆုံးဟုဆို
မြိတ်မြို့ ကျောက်ဖြူတောင်ရဲဘက်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိကာ သေဆုံးသွားကြောင်း ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။
ယနေ့ (ဩဂုတ် ၂) နံနက်က ကျောက်ထုတ်စခန်းတွင် အလုပ်လုပ်နေစဉ် ကျောက်တုံး ဦးခေါင်းပေါ်သို့ ပြုတ်ကျပြီးသေဆုံးခဲ့ရကြောင်း ဆွေမျိုးနီးစပ်သူများ ကပြောသည်။