23.9 C
Dawei
Wednesday, August 17, 2022
Home Tags သရက်ချောင်း

Tag: သရက်ချောင်း

သရက်ချောင်း၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ယနေ့ (ဩဂုတ် ၄) ညနေ ၄ နာရီခန့်တွင် ဦးကုလားဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသားမှာ ကင်းရှေ့ရွာရှိ ဥယျာဉ်ခြံတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု...

သရက်ချောင်း ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်-PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားရွာဘုရားကုန်းဘက်မှ ကျောက်လှေကားရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်...

သရက်ချောင်း ကနက်သီရိရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယနေ့ (ဇွန် ၂၀) ည ၇ နာရီခွဲခန့်က စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် နေအိမ်တွင် ရှိနေစဉ်...

သရက်ချောင်း စော်ဖျားရွာက စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာဘုရားကုန်းရှိ စစ်ကောင်စီဂိတ်စခန်းကို ယနေ့ (ဇွန် ၁၃) နေ့လယ် ၁၂ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်-PDF က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး...