24.4 C
Dawei
Monday, August 8, 2022
Home Tags လယ်သစ်ရွာ

Tag: လယ်သစ်ရွာ

လယ်သစ်ရွာတွင် လက်နက်ကြီးကျ၍ ဘုန်းကြီးကျောင်းနှင့် နေအိမ်သုံးလုံးပျက်စီး

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့်လူနေအိမ်သုံးလုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ လယ်သစ်ကျေးရွာအနောက်ကမ်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်သစ်အရှေ့ကမ်းရှိ အဆိုပါဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်သုံးလုံးမှာ အမိုးများ ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမှာ တစ်ခြမ်းမီးလောင်သွားကြောင်း ဒေသခံများကပြောသည်။

လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ ဘေးလွတ်ရာတိမ်းရှောင်

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ရွာသားများ ဘေးလွတ်ရာတောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က လယ်သစ်ရွာအနောက်ကမ်းသို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို...