24.2 C
Dawei
Wednesday, August 10, 2022
Home Tags ရေလုပ်ငန်း

Tag: ရေလုပ်ငန်း

ကင်းမွန် စျေးကောင်းရ

မိုးရာသီအတွင်း ဖမ်းဆီးရမိနေသည့် ကင်းမွန်များ လက်ရှိအချိန်တွင် စျေးကောင်းရနေကြောင်း ရေလုပ်သားများ ထံမှသိရသည်။ နွေရာသီတွင် ကင်းမွန်အကြီးအငယ်ရောနှော တစ်ကီလို ကျပ် ၅၀၀၀ မှ ၆၀၀၀ ခန့်အထိသာရရှိခဲ့ရာမှ လက်ရှိ မိုးရာသီတွင် ပင်လယ်ရောင်းစျေး တစ်ကီလို...

ထားဝယ်ခရိုင်တွင် ဝါးကုန်သည်များ ဝါးဝယ်ရန်ခက်ခဲလာ

ထားဝယ်ခရိုင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေမှုများကြောင့် ဝါးကုန်သည်များ ဝါးဝယ်ရာတွင် အခက်အခဲဖြစ်နေကြောင်း ဝါးကုန်သည်အချို့ထံမှ သိရသည်။ ဇွန်လ ဒုတိယပတ်ကစပြီး လောင်းလုံးမြို့နယ်၏ အနောက်ဖက် တောင်ကြောတွင် စစ်ကောင်စီတပ်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)...

စက်သုံးဆီဈေးတက်နေ၍ ကင်းမွန်ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန်ခက်ခဲ

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေသဖြင့် ကင်းမွန်ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေပြီး မြိတ်အခြေစိုက် ကင်းမွန်ငါးဖမ်းလုပ်ငန်းအများစု လုပ်ရန်မသေချာသည် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ကင်းမွန်ငါးဖမ်းကာလမှာ လာမည့်နိုဝင်ဘာလတွင် စတင်မည်ဖြစ်သော်လည်း လတ်တလော ဒီဇယ်လောင်စာဆီဈေးနှုန်း ကြီးမြင့်လာသည့်အပေါ် စောင့်ကြည့်နေရကြောင်း...

ထားဝယ်နှင့် ပုလောသား ကိုးဦးလိုက်ပါသည့် ငါးဖမ်းလှေ အင်ဒိုနီးရှားတွင် အဖမ်းခံရ

ထားဝယ်နှင့် ပုလောမြို့နယ်က လှေလုပ်သား ကိုးဦးပါဝင်သည့် မလေးရှားငါးဖမ်းစက်လှေတစ်စီး ဇွန်လ ၉ ရက်က အင်ဒိုနီးရှားနိုင်ငံ ရေပိုက်နက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်သူအချို့က ပြောသည်။ ယင်းငါးဖမ်းစက်လှေပေါ်တွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာသားများဖြစ်ကြသည့် ကိုသက်လွင်၊...

ကမ်းဝေးငါးဖမ်းလှေ ၂၅၀ ကျော် တစ်လစော၍ ပြန်လည်ငါးဖမ်းခွင့်ရ

တနင်္သာရီတိုင်းအတွင်းရှိသည့် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်အနက် ၂၅၀ကျော်ကို ယနေ့ (ဇွန် ၁) မှစတင်၍ ပြန်လည်ငါးဖမ်းဆီးခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ယခုနှစ် ငါးသားပေါက်ရာသီဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လတို့ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားခြင်း...