Tuesday, February 19, 2019
Home Tags #မှုခင်း

Tag: #မှုခင်း

ကဏန်းဖမ်းသူတစ်ဦး မိကျောင်း ကိုက်ခံရ၍ သေဆုံး

ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းဖမ်းသူတစ်ဦး ဖေဖော်ဝါရီလ ၁၃ ရက်က မိကျောင်းကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာ အနီးရှိ ချောင်းလက်တက်တစ်ခုအတွင်း ကဏန်းဖမ်းသည့် အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသားကို ကိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပလောက်တွင် အရက်အတူသောက် ရာမှ စကားများပြီး ရဲဒင်းဖြင့်ထုသတ်

ပလောက်မြို့တွင် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ရဲဒင်းဖြင့် ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၉ ရက်က သေဆုံးသူ၏ နေအိမ်တွင် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အရက်အတူ သောက်ရာမှ ရန်ဖြစ်ကာ...

တောကြက်ထောင်သူ တူးမီသေနတ်မှန် သေဆုံး

ကော့သောင်းမြို့နယ်၊ ဆယ်မိုင် ကျေးရွာအုပ်စု ပါဆယ် ပါညမ်းကျေးရွာ နှစ်ရှည်ဆီအုန်းခြံအတွင်း ဖေဖော်ဝါရီ ၅ရက်က တောကြက်ထောင်နေသည့် အမျိုးသားတစ်ဦး တူးမီသေနတ်မှန် သေဆုံး ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ညီအစ်ကိုနှစ်ဦး တောကြက်ထောင် ဖမ်းနေစဉ် မည်သူပစ်လိုက်မှန်းမသိသည့် တူးမီသေနတ်သည် ညီဖြစ်သူအား ထိမှန်ခဲ့ကြောင်း တောကြက်ထောင်ဖမ်းစဉ် အတူ...

ကော့သောင်းတွင် ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မူဖြစ်

ကော့သောင်းမြို့နယ်၊ ဘန်းကခွန် ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက်က ညီအစ်ကို နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မူဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။ နေအိမ်တွင် မိဘများမရှိခိုက် တစ်အိမ်တည်းနေ ညီအစ်ကိုနှစ်ဦး အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြရာ ညီဖြစ်သူက အစ်ကိုဖြစ်သူအား ဓားကောက်ဖြင့် လည်ပင်းအား ခုတ်သတ်မူဖြစ်ပွားခဲ့သည်ဟု...

မူးယစ်ရမ်းကားသူတစ်ဦး ကျောင်းပရဝဏ်အတွင်းဝင်၍ ကျောင်းဆရာအား ကျောက်ခဲဖြင့်ထု

ကျွန်းစုမြို့နယ်၊ ယမုံရွာ အ.မ.က ကျောင်း ပရဝဏ်အတွင်းသို့ မူးယစ်ရမ်းကားသူတစ်ဦးဝင်ရောက်ပြီး ကျောင်းဆရာတစ်ဦးအား ကျောက်ခဲဖြင့်ထုခဲ့သည့်အတွက် ယင်းကျောင်းဆရာ၏ ဦးခေါင်း၌ ၇ ချက်ခန့်ချုပ်ခဲ့ရကြောင်း ကာယကံရှင် နှင့် ယမုံကျေးရွာသားများထံမှ သိရသည်။ ဇန်န၀ါရီလ ၃၀ ရက် ည ၉ နာရီ ၀န်းကျင်အချိန်ခန့်က အမက ယမုံ...

လင်မယားကွာရှင်းမည့် ကိစ္စကို မကျေနပ်၍ ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုး၊ ဇနီးသည်သေဆုံး

ပုလောမြို့နယ်တွင် လင်မယားကွာ ရှင်းမည့်ကိစ္စကို မကျေနပ်သည့်အတွက် လင်ယောက်ျားဖြစ်သူက ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပုလောမြို့နယ်၊ တိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ထိုးသည့်ဒဏ်ရာကြောင့် ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ပြီးခဲ့သည့် နှစ်လခန့်က လင်မယား အဆင်မပြေ၍ ကွဲကွာနေပြီး...

ကြမ္မာငင်ခဲ့တဲ့ မြိတ်ကျွန်းစု အပျော်ခရီး

ရန်ကုန် - မြိတ်မြို့ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာအပြီး သုံးနာရီခန့်အကြာမှာပင် “ဒုတ်”ခနဲ အသံတစ်သံကို ကြားလိုက် ရပြီးနောက် မယုမိစံတို့ စီးနင်းလာသည့် ရှပ်ပြေးအမြန်ရေယာဉ်သည် မြိတ်ကျွန်းစုများအကြား ကပ္ပလီပင်လယ်ပြင်တွင် တုံးလုံးလဲကာ ဇောက်ထိုးပြောင်းပြန် ဖြစ်သွားတော့သည်။ အသက်ကယ်အင်္ကျီ ဝတ်ထားကြသဖြင့် လှေပေါ်မှခရီးသည်များ ရေပေါ်ပြန်ပေါ်လာကြသော်လည်း မယုမိစံ၏မိခင် ဒေါ်ခင်ဆောင်းတင် ကိုတော့...

တနင်္သာရီတိုင်းတွင် တစ်လလျှင် ရှစ်ဦးနှုန်းသတ်သေ

တနင်္သာရီတိုင်းအတွင်း ၂၀၁၈ ခုနှစ်က တစ်လလျှင်ပျမ်းမျှ လူရှစ်ဦးနှုန်း သတ်သေခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ကြိုးဆွဲချသတ်သေသူ ၈၇ ဦး၊ အဆိပ်သောက် သတ်သေသူ ၆ ဦးနှင့် မိမိကိုယ်ကို ဓားဖြင့်ထိုးသူ ၂ ဦး ရှိသည်။ မိမိကိုယ်ကို...

အမှိုက်သိမ်းကား တိမ်းမှောက် ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

ကော့သောင်းတွင် ဇန်နဝါရီ ၃၁ ရက် ည၈နာရီခွဲအချိန်တွင် အမှိုက်သိမ်းယာဉ်တိမ်းမှောက်၍ ကားပေါ်ပါ အမျိုးသား နှစ်ဦး သေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်သည် ဆယ်မိုင်ကျေးရွာတွင် အမှိုက်ပစ်ပြီးအပြန် ရွှေပြည်စိုးကျေး ရွာ ၄မိုင်အနီးတွင် အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်တိမ်း...

ထားဝယ် -ရန်ကုန် ခရီးသည်တင် မှန်လုံကားနှင့် Light Truck မျက်နှာချင်းဆိုင် တိုက်၊ ခရီးသည် ၃ ဦးသေဆုံး

ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်သည့် ခရီးသည်တင်မှန်လုံကားတစ်စီးသည် မော်လမြိုင်-မုဒုံယာဉ်လိုင်းမှ ခရီးသည်တင် Light Truck ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်သုံးဦး သေဆုံးခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် မုဒုံဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် မိုးကောင်းကင်...
- Advertisement -

MOST POPULAR

HOT NEWS