24.4 C
Dawei
Wednesday, August 10, 2022
Home Tags ပဲ့စင်ကျွန်း

Tag: ပဲ့စင်ကျွန်း

ကိုဗစ်ကန့်သတ်ချက်ကို စိန်ခေါ်နေသည့် ပဲ့စင်ကျွန်းခရီးစဉ်

အစိုးရက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းလည်ပတ်မှုခရီးစဉ်ကို တားမြစ်ထားသော်လည်း ထားဝယ် ဒေသရှိ ပဲ့စင်ကျွန်းခရီးစဉ်များကို Facebook စာမျက်နှာပေါ်တွင် ပေါ်ပေါ်တင်တင် ရောင်းချခြင်းဖြင့် အစိုးရ ကန့်သတ်မှုများကို စိန်ခေါ်နေသည်။ ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက...

ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား

ပဲ့စင်ကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်မည်ဟုဆိုကာ လုပ်ငန်းရှင်ကြီး တစ်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ပြည်ထောင်စုဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။ ဇူလိုင်လနှောင်းပိုင်းက...

ပဲ့စင်ကျွန်းကိစ္စ လျှို့ဝှက်စရာကိစ္စမဟုတ်ဟု တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ပြော

ပဲ့စင်ကျွန်းလျှောက်ထားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ကပေးခဲ့သည့် သဘောထားမှတ်ချက်မှာ လျှို့ဝှက်စရာကိစ္စမဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောကြားသည်။ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စအတွက် ကျိုးပေါက်စေမည့်ကိစ္စမှလွဲ၍ ပြည်သူများသိသင့်သိထိုက်သည့် အခြားကိစ္စမှန်သမျှကို လျှို့ဝှက်စရာအကြောင်းမရှိကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးက လက်ရှိပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးစရာ ပစ္စည်းတွေများ ထင်နေလားတော့ မသိဘူး

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများက ပြည်ထောင်စုအစိုးရ၏ လက်ဆောင်ပေးစရာပစ္စည်းဖြစ်နေပြီလားဟု ထားဝယ် တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌက မေးခွန်းထုတ်လိုက်သည်။ ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု

NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။ ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး...

ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို လွယ်လွယ်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု တောင်းဆို

ထားဝယ်ခရိုင်အတွင်းရှိ ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက်၏ လက်ဝယ်သို့ အလွယ်တကူ လုပ်ပိုင်ခွင့်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုက တောင်းဆိုလိုက်သည်။ ထားဝယ်ဒေသခံရေလုပ်သားများ အဓိက မှီခိုအားထားရာ ပဲ့စင်ကျွန်းအပါအဝင် အခြားကျွန်းနှင့် ကမ်းခြေများကို တိုင်းအစိုးရအနေဖြင့်...

ပဲ့စင်ကျွန်းနှင့်ဆိုင်သည့် တိုင်းအစိုးရသဘောထား အထူးလျှို့ဝှက်ချက် ဟုဆို

နေပြည်တော်သို့ ပေးပို့ထားသည့် လောင်းလုံးပဲ့စင်ကျွန်းနှင့် သက်ဆိုင်သည့် တိုင်းအစိုးရ၏သဘောထားမှတ်ချက်မှာ အထူးလျှို့ဝှက်ဖြစ်၍ အများပြည်သူကို ထုတ်ပြန်၍မရကြောင်း တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမြင့်စန်းက ပြောကြားသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent Fortune Develop- ment Group ကုမ္ပဏီမှ...