Tag: #နေအိမ်ချိတ်ပိတ်ခံရ
ကျိုက်ထိုတွင် နေအိမ် ၃ လုံး ထပ်မံ ချိတ်ပိတ်ခံရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းမှ နေအိမ် ၃ လုံးကို စစ်ကောင်တပ်ဖွဲ့ဝင်များက လာရောက် ချိတ်ပိတ်သွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်ရှိ ကိုအေးမင်းထွန်း နေအိမ်၊ တောင်သူစုရပ်ကွက်ရှိ ကိုစံလင်း နေအိမ်နှင့် သိမ်ဇရပ်မြို့ရှိ ကိုဝင်းကိုတို့နေအိမ်များကို...
မွန် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ
မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာခင်ဆောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏...
ဝေဒီရွာသားတစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားသည့် ဒေသခံတစ်ဦး၏ နေအိမ် ဒီဇင်ဘာလ ၁၇ ရက်တွင် ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဝေဒီကျေးရွာ မြောက်ပိုင်းတွင် နေထိုင်သည့် ကိုစိုးပိုင်ဆိုသူသည်...
သရက်ချောင်း သဲချောင်းကြီးရွာက NLD အမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ
သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာက NLD ပါတီအမာခံ ဦးဆန်းထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်လိုက်ကြောင်း အိမ်ပိုင်ရှင်နှင့် ဒေသခံရွာသားအချို့က ပြောသည်။
အသက် ၄၃ နှစ်အရွယ် ဦးဆန်းထွန်း (ခေါ်) ကိုရန်ကုန် ၏ နေအိမ်မှာ...
ရေဖြူတွင် NLD မြို့နယ်အလုပ်အမှုဆောင်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ
ထားဝယ်ခရိုင် ရေဖြူမြို့တွင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် နှစ်ဦး၏ နေအိမ်အား စစ်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ရေဖြူမြို့ (ဃ) ရက်ကွက် နှင်းဆီလမ်းရှိ ဦးသိန်းဇော်ဦး...
ထင်ရှားသော ထားဝယ်လူငယ်ခေါင်းဆောင် နေအိမ် ချိတ်ပိတ်ခံရ
မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သူ ကိုဟိန်းထက်၏နေအိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၃ ရက် ညနေ ၅ နာရီကျော်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာရှိ သူ၏ မိသားစု...