24.2 C
Dawei
Wednesday, August 10, 2022
Home Tags #ဒေါက်တာလဲ့လဲ့မော်

Tag: #ဒေါက်တာလဲ့လဲ့မော်

ဒေါက်တာလဲ့လဲ့မော် ပြန်လွတ်သတင်း မဟုတ်ဟု မိသားစုဝင် ပြော

အဂတိလိုက်စားမှု‌ တိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တနင်္သာတိုင်းဝန်ကြီးချုပ်‌ဟောင်းဒေါက်တာလဲ့လဲ့မော် ပြန်လွတ်ပြီဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အနီးကပ် မိသားစုဝင်တစ်ဦးက ငြင်းဆိုလိုက်သည်။ ဒေါက်တာလဲ့လဲ့မော်အား ထောင်မှလွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ တင်ထားဆဲ

ယခုအစိုးရလက်ထက်အတွင်း ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အမှုမှာ အမြင့်ဆုံးတရားရေးအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်ထားကြောင်း သိရသည်။ သူ့ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က အမှုလေးခုအတွက် တရားစွဲဆိုခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂...

ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှု တရားရုံး၏ သုံးသပ်စီရင်ချက်

အဂတိလိုက်စားသည့်အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ်နှစ် ရှည်ချမှတ်လိုက်သည်။ ဒေါက်တာလဲ့လဲ့မော်ကို တိုင်းတရား လွှတ်တော်က မေလ ၂၂ ရက်နေ့တွင် အမှုလေးမှုအတွက် စုစုပေါင်း ထောင် ဒဏ်နှစ် ၃၀ အမိန့်ချလိုက် ခြင်းဖြစ်သည်။

အမိန့်ချတဲ့နေ့

မေလ ၂၂ ရက် နံနက် ၉ နာရီခွဲ ထားဝယ်မြို့ ရေးလမ်းပေါ်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တချို့ အသင့် ဖြစ်နေ ကြပြီ။ သတင်းသမားတွေကလည်း ကင်မရာတွေ အသင့်ပြင်ထားပြီးကြပြီ။

ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဝင်မည် ဟုဆို

အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ်သုံးဆယ်ချမှတ်ခံရသည့်အပေါ် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းက ပြောသည်။ ဒေါက်တာလဲ့လဲ့မော်ကို မေလ ၂၂ ရက်နေ့က အမှုလေးခုအတွက် အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ထားသည်။

ဒေါက်တာလဲ့လဲ့မော်အမှု လက်ရှိ ဝန်ကြီးချုပ်နှင့် တိုင်းအတွင်းရေးမှူးကို သက်သေအဖြစ် စစ်မည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုတွင် လက်ရှိ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကို တရားခံပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။ အမှု၏ ၅၉ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီလ ၂၉...
video

Dawei Watch TV/ တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှုပြန်ခေါ်သက်သေ စစစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုမှာ ပြန်ခေါ်သက်သေတွေ စစစ်နေပါပြီ။ စွဲချက်တင်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၃ ရက်နေ့ရုံးချိန်းမှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့ တာပါ။ အဲဒါပြီးရင်တော့ ဝန်ကြီးဟောင်းတွေကို...