29.5 C
Dawei
Sunday, August 14, 2022
Home Tags #ဒီရေတော

Tag: #ဒီရေတော

ဘုတ်ပြင်းမြို့နယ်တွင် ဒီရေတော အပင်ခြောက်သောင်းကျော် စိုက်မည်

ဘုတ်ပြင်းမြို့နယ် ချောင်းကဖီး ဒီရေတော ကြိုးပြင်ကာကွယ်တောတွင် ဒီရေတောအပင် ခြောက်သောင်းကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ တစ်ဧကလျှင် ၁၂၁၀ ပင်နှုန်းဖြင့် ဧက ၅၀ တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုစွန်မွေးရန် ဒီရေတော အပြောင်ရှင်းထားမှု ယခုအချိန်မှ ကွင်းဆင်းစိစစ်မည်ဆိုပါက ပြောင်တလင်းခါသွားနိုင် ဟုဆို

ကျွန်းစုမြို့နယ်အတွင်း ပုစွန်မွေးရန်အတွက် ခွင့်ပြုချက်မရှိဘဲ ဒီရေတော အပြောင်ရှင်းထားသည့်ကိစ်္စကို ယခုအချိန်မှ ကွင်းဆင်း စိစစ်မည်ဆိုပါက မြေပြင် အခြေအနေတွင် ပြောင်တလင်းခါသွား နိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။ ဧပြီလ ၈ ရက်က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောဆိုခဲ့...

ဒီရေတောရှင်းကာ ပုစွန်မွေးမြူရေး လုပ်ကိုင်မှု ရပ်နားထားသင့်ဟု တိုင်းလွှတ်တော်မှ သဘောထားမှတ်ချက်ပေး

ခွင့်ပြုချက်မရှိဘဲ ဒီရေတောများ ရှင်းလင်းကာ ပုစွန်မွေးမြူရေးစီမံကိန်း လုပ်ဆောင်နေမှုကို ရပ်နားထားသင့် သည်ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က သဘောထားမှတ်ချက် ပေးလိုက်ကြောင်း လွှတ်တော်ဥက်္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကျွန်းစု မြို့နယ်အတွင်း ရေငန်ပုဇွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ တိုင်းလွှတ်တော်တွင် မတ်လ ၁၈...

ခွင့်ပြုချက်မရှိဘဲ ဒီရေတောတွေ အပြောင်ရှင်းခွင့် ရှိသလား

ခွင့်ပြုချက်မရှိဘဲ ဒီရေတော ဧက ထောင်ချီ အပြောင်ရှင်းနေသည်ကို မည်သည့်အချိန်တွင် တားမြစ်ပြီး  အမြန်ဆုံး အရေးယူသွားမည်နည်းဟု ဦးဇော်ဟိန်းက အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။ မတ်လ ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။