23.8 C
Dawei
Tuesday, August 9, 2022
Home Tags ထားဝယ်မြို့

Tag: ထားဝယ်မြို့

ထားဝယ်မြို့မ ရဲစခန်းမှူး အဖမ်းခံထားရ

ထားဝယ်မြို့မရဲစခန်း စခန်းမှူးဖြစ်သူ ဒုတိယရဲမှူးစိုးနိုင်ကို လွန်ခဲ့သည့်လေးရက်ခန့်က စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ လာဘ်ငွေယူကာ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ အလုပ်သမား ပို့ဆောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း Dawei Watch အနေဖြင့်...

ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် မိုင်းပေါက်

ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် ယနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့၊ အာဇာနည်ဗိမာန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တိုင်းလွှတ်တော်ရုံးအနီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းပေါက်ကွဲမှု အသံကို နေ့လယ် ၁၁...

ထားဝယ် တောင်သုံးလုံးရွာက အမျိုးသမီးတစ်ဦး အသတ်ခံရ

ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာက ဒေါ်မီးပျိုပျိုဆိုသည့် အမျိုးသမီးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ကျားသစ်နက် ပြည်သူ့ကာကွယရေးအဖွဲ့က ဇွန်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။  အသက် ၅၀ အရွယ် ဒေါ်မီးပျိုပျိုသည် လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း တောင်သုံးလုံးကျေးရွာမှ...

ထားဝယ်မြို့ ကျောက်မဲတောင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၁၄) နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ကျောက်မဲတောင်နယ်မြေရဲစန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မနေ့ညပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့...

ထားဝယ်မြို့ ဆောက်လုပ်ရေးမဏ္ဍပ်အနီးတွင် ဗုံးပေါက်ကွဲ

ထားဝယ်မြို့ ဆောက်လုပ်ရေးမဏ္ဍပ်အနီး စာတိုက်လမ်းကြားထဲတွင် ယနေ့ (ဧပြီ ၁၄) နံနက် ၁ဝနာရီခန့်က ဗုံး‌ပေါက်ကွဲကြောင်း အနီးအနာတွင်နေထိုင်သူအချို့က ပြောသည်။ ပေါက်ကွဲသံ တစ်ချက်ကြားရပြီးနောက် ဆောက်လုပ်‌ရေးမဏ္ဍပ်တွင် ဖွင့်ထားသည့် အသံချဲ့စက်အသံ ရပ်သွားကြောင်း အနီးအနားတွင် နေထိုင်သူတစ်ဦးက...