Tag: #ထားဝယ်ဈေးကွက်
နှစ်ပတ်အတွင်း ရွှေတစ်ကျပ်သား သုံးသိန်းကျော်ဈေးကျ၊ ထားဝယ်ဈေးကွက် အရောင်းအဝယ်ပါး
အချိန်နှစ်ပတ်ခန့်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သုံးသိန်းကျော် ဈေးကျသွားသော်လည်း ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ပါးနေဆဲဖြစ်ကြောင်း ရွှေဆိုင်အချို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်နှစ်သိန်းကျော်အထိ ဈေးတက်ခဲ့သော်လည်း လက်ရှိတွင် တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဝန်းကျင်သာ ဈေးရှိခဲ့သည်။