23.8 C
Dawei
Tuesday, August 9, 2022
Home Tags #ထားဝယ်စည်ပင်ဈေးကြီး

Tag: #ထားဝယ်စည်ပင်ဈေးကြီး

ထားဝယ်စျေးကြီး ပိတ်

ထားဝယ်မြို့အတွင်း ယမန်နေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဥ်များကြောင့် စည်ပင်သာယာစျေးကြီးအား မတ်လ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ကြောင်း စျေးသူစျေးသားများထံမှ သိရသည်။ မတ်လ ၉ ရက် ညနေပိုင်းမှစကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ အသံဗုံးနှင့် ရော်ဘာကျည်များဖြင့် ထားဝယ်မြို့တွင်းရှိ...

စည်ပင်ဈေးကြီးအတွင်း ဆိုင်ခန်းကျူးကျော်မှုကြောင့် လျှောက်လမ်းကျဉ်းမြောင်း

ဆိုင်ခန်းများ ကျူးကျော်ပြီး ခင်းကျင်း ရောင်းချနေကြသဖြင့် ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်းရှိ လူလျှောက်လမ်းများမှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည်။ ဈေးအတွင်း ပင်မဝင်ပေါက်၏လမ်းအကျယ်မှာ ၁၀ ပေ ဝန်းကျင်ရှိသော် လည်း အချို့နေရာများတွင် ဆိုင်ခန်းများ ကျူးကျော်ခင်းကျင်းမှုများကြောင့် ငါးပေဝန်းကျင်ခန့်သာ...

ဒေသန္တရအမိန့်မလိုက်နာသည့် ဈေးသည် လေးဦးကို ဈေးရောင်းခွင့်သုံးရက်ပိတ်

ဒေသန္တရအမိန့်အား လိုက်နာရန် ပျက်ကွက်သည့် ဈေးသည် လေးဦးအား ဈေးရောင်းချခွင့် သုံးရက်ပိတ်သိမ်းခြင်းဖြင့် အရေးယူထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။ ကမ်းနားဈေးနှင့် ပျံကျဈေးမှ ဈေးရောင်းချနေသူ သုံးဦးနှင့် စည်ပင် သာယာဈေးကြီးမှ ဈေးရောင်းချနေသူ...

ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး တစ်ပတ်ပိတ်မည်

ထားဝယ်၊ အောက်တိုဘာ ၁၉ / Dawei Watch ထားဝယ်မြို့တွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် မင်္ဂလာဈေးကို  တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ အောက်တိုဘာလ ၂၁...

စည်ပင်လေလံရငွေ ယခင်နှစ်ထက် သိန်းကိုးဆယ်ကျော်ပိုရ

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ လိုင်စင်အမျိုးအစား ၁၂ ခုကို လေလံတင်ရောင်းချရာ ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ်သိန်းကိုးဆယ်ကျော် ပိုရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ကမ်းနားပျံကျဈေးကောက်၊ လမ်းဘေးဈေးကောက်၊ စည်ပင်သာယာဈေး ကြီးပျံကျဈေးကောက် စသည်တို့အပါအဝင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၂...

ငွေလို၍ ရွှေရောင်းသူများ အခက်တွေ့

ရွှေဆိုင်များ ပိတ်ထားခြင်းကြောင့် ငွေကြေးလိုအပ်၍ ရွှေပြန်ရောင်းသူများ အခက်တွေ့နေရကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။ လက်ရှိတွင် ကိုရိုနာရောဂါဘေးကြောင့် ထားဝယ်မြို့စည်ပင်သာယာဈေးကြီးရှိ ရွှေဆိုင်အားလုံးကို ယာယီပိတ်ထားသည်။ ငွေကြေးလိုအပ်၍ရွှေပြန်ရောင်းသူများက ရွှေဆိုင်ပိတ်ထားသဖြင့် ရွှေဆိုင် ပိုင်ရှင်၏နေအိမ်ကို...

ထားဝယ်စည်ပင်ဈေးကြီး အိမ်သာသန့်ရှင်းမှု အားနည်း

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီး(အထက်ဈေး)ရှိ အများသုံးအိမ်သာမှာ သန့်ရှင်းသပ်ရပ်မှု အားနည်းလှသည် ဟု ဈေးရောင်းချသူများက ပြောဆိုသည်။ အဆိုပါဈေးရှိ အိမ်သာကို အဆင့် မြှင့်ကာ ပြန်လည်တည်ဆောက်ထား သော်လည်း သန့်ရှင်းရေးလုပ်ဆောင်မှု အားနည်းနေခြင်း ဖြစ်သည်။