29.6 C
Dawei
Saturday, August 13, 2022
Home Tags #တိုင်းလွှတ်တော်

Tag: #တိုင်းလွှတ်တော်

တိုင်းအစိုးရအား ပိုထိန်းကျောင်းနိုင်ရန် တိုင်းလွှတ်တော်အတွက် အဓိကဝင်ပြိုင်ခြင်းဖြစ်ဟု ထားဝယ်ပါတီဆို

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားပြီး ယင်းသို့ ရွေးချယ်ရခြင်းမှာ တိုင်းအစိုးရအား ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းစေရန်ဆိုသည့် အချက်တစ်ခုလည်း အပါအဝင်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ...

တိုင်းလွှတ်တော်ဥက္ကဋ္ဌ အခြား မသွားပါ

ဦးခင်မောင်အေး ပြန်မပါလာခြင်း ဗဟိုက ရွေးချယ်မှု ဟုဆို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ NLDပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းတွင် မပါသော်လည်း အခြားပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအနေနှင့် ရွေးကောက်ပွဲဝင်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး...

၀န်ကြီးချုပ်ပြောင်းပြီးနောက် လွှတ်တော်၏ အဆိုနှင့် မေးခွန်း ထက်ဝက် ကျ

လက်ရှိအစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း ဝန်ကြီးချုပ်နှစ်ဦး တာဝန်ထမ်းဆောင်ခဲ့ရာ ဝန်ကြီးချုပ် အပြောင်းအလဲနောက်ပိုင်း တိုင်းလွှတ်တော်၏ မေးခွန်းမေးမြန်းမှု ထက်ဝက် လျော့နည်းသွားခဲ့သည်။ ဒေါက်တာလဲ့လဲ့မော်လက်ထက်က လွှတ်တော်အစည်းအဝေးတစ်ကြိမ် ကျင်းပလျှင် ပျမ်းမျှမေးခွန်း ၃၀ ခန့် မေးမြန်းခဲ့ပြီး ဝန်ကြီးချုပ် ဦးမြင့်မောင်လက်ထက်တွင်...

တနင်္သာရီတိုင်း ရပ်ရွာအခြေပြုအပန်းဖြေစခန်းများဥပဒေ ယခုလွှတ်တော်သက်တမ်းအတွင်း ပြဋ္ဌာန်းမည်

တနင်္သာရီတိုင်း အပန်းဖြေစခန်း များဥပဒေတစ်ခုကို ယခုလွှတ်တော် သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ တိုင်းအတွင်း အပန်းဖြေစခန်း လုပ်နေသူများ၊ ခရီးသွားအေဂျင်စီများ၊ ဧည့်လမ်းညွှန်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက တနင်္သာရီတိုင်း ရပ်ရွာအခြေပြု အပန်းဖြေစခန်းများဥပဒေကို...

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက် ပွဲဝင်မည်

၂၀၂၀ ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ ၎င်းအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်၊ထားဝယ်မြို့နယ်မဲန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု ဆိုသည်။

စံချိန်စံညွှန်းမပြည့်သော တည်ဆောက်ရေးလုပ်ငန်း ၃၀ ကျော်ကို လွှတ်တော်ကော်မတီ ဖော်ထုတ်

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရစီမံကွပ်ကဲမှုဖြင့် ဆောက်လုပ်နေသော လမ်း၊ တံတား၊ အဆောက်အအုံများစသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ လျော့ရဲနေသော အခြေအနေကို တိုင်းလွှတ်တော်ကော်မတီတစ်ခုက မြေပြင်ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာတစ်စောင်ကို တိုင်းလွှတ်တော်ထံတင် သွင်းခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင် ဆောင်ရွက်ခဲ့သည့်...

လွှတ်တော်တွင် ကတိကဝတ် သက်ရောက်ပြီး တိုင်းအစိုးရက မလုပ်သေးသည့်လုပ်ငန်း သုံးဆယ်ကျော် ရှိ

တိုင်းလွှတ်တော်တွင် ကတိကဝတ်သက်ရောက်ခဲ့သည့် အဆိုနှင့် မေးခွန်းများအနက် ၃၃ ခုကို လက်ရှိအချိန်အထိ တိုင်းအစိုးရက ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တိုင်းလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့်အစီရင်ခံစာအရ သိရသည်။ ဒုတိယအကြိမ် တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ခဲ့သည့်...

ကိုဗစ်ကပ်ဘေးအကြား တိုင်းလွှတ်တော် မေ ၁၈ တွင် ပြန်စမည်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်ကို မေလ ၁၈ ရက်နေ့တွင် ကျင်းပရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ အစည်းအဝေးတွင်တနင်္သာရီတိုင်း ဒေသကြီးအသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်းဥပဒေသစ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေသစ်တို့ကို ဆွေးနွေးအတည်ပြုရန်ရှိကြောင်းဦးခင်မောင်အေးက ပြောသည်။