Tag: #တိုင်လွှတ်တော်ဒုဥက္ကဋ္ဌ
ထားဝယ်ခရိုင်လျှပ်စစ် တင်ဒါ အသစ်ထပ်ခေါ်ရန် ခြေလှမ်းပြင်
ထားဝယ်ခရိုင်
လျှပ်စစ်ထုတ်လုပ်၊ ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါပြန်ခေါ်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း
တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။
လက်ရှိတွင်
ခရိုင်လျှပ်စစ်တင်ဒါ အတွက် တင်ဒါခေါ်ယူရေးကော်မတီ၊ ကြမ်းခင်းဈေးသတ်မှတ်ရေးကော်မတီ၊
တင်ဒါစိစစ်ရေးနှင် အရည်အသွေးစစ်ဆေးရေး ကော်မတီ၊ လွှဲပြောင်းလက်ခံရေးကော် မတီများဖွဲ့စည်းရန်
ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။