Tag: တိုက်ပွဲ
ပုလောတွင် တိုက်ပွဲဖြစ်ပြီး အကျအဆုံးများရှိ၊ မှော်မိရွာထဲ လက်နက်ကြီးကျ
ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စုတွင် ယနေ့ (ဇွန် ၂၇) တိုက်ပွဲဖြစ်ပွားပြီး မှော်မိရွာထဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
နန်းတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပုလော PDF မဟာမိတ်တပ်ပေါင်းအဖွဲ့တို့ ယနေ့ နံနက်...
ပုလောအရှေ့ခြမ်းတွင် တိုက်ပွဲထပ်ဖြစ်
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းဝင်းကျေးရွာတွင် ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
ပုလောအရှေ့ခြမ်း မင်းဝင်းကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၁) နံနက် ၉ နာရီဝန်းကျင်တွင် နှစ်နာရီခန့်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်...
တကူ၊သရဘွင် တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်
တနင်္သာရီမြို့နယ်၊တကူနှင့် သရဘွင်ကျေးရွာအုပ်စုများတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူ တစ်သောင်းလေးထောင်ခန့်ရှိနေကြောင်း စစ်ရှောင်များအား အကူအညီပေးနေသည့် Compassion For IDP အဖွဲ့က ယနေ့ထုတ်ပြန်သည်။
မေလ ၁၉ ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ၊သံတိုက်၊...
ထားဝယ်မြို့ ကျောက်မဲတောင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်
ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၁၄) နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကျောက်မဲတောင်နယ်မြေရဲစန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မနေ့ညပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့...