Tag: ဆေးရုံကြီး
အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်လာတော့
စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ကျန်းမာရေး ဝန်ထမ်းများ အများအပြားပါရှိသဖြင့် တနင်္သာရီတိုင်းရှိကျေးရွာများမှ ကျန်းမာရေးဆေးပေးခန်းအများစုမှာ ပိတ်ထားရသည့် အခြေအနေတွင် ရှိနေသည်။
ယင်းကြောင့် ဒေသခံများမှာ ကျန်းမာရေးတစ်ခုခုဖြစ်ပါက မြို့ပေါ်ဆေးရုံများကို အားပြုကြရသဖြင့် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့များကိုအားကိုးကြရသည်။