LATEST ARTICLES

video

ဆော့ဖ်ဝဲစနစ်ဖြင့် မဲပေးသည့် မြိတ်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲ

ဆော့ဖ်ဝဲစနစ်ဖြင့် မဲပေးသည့် မြိတ်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲ သတင်းနှင့်ရိုက်ကူး - မြင့်မိုရ် (မြိတ်) Dawei Watch TV

ကဏန်းဖမ်းသူတစ်ဦး မိကျောင်း ကိုက်ခံရ၍ သေဆုံး

ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းဖမ်းသူတစ်ဦး ဖေဖော်ဝါရီလ ၁၃ ရက်က မိကျောင်းကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာ အနီးရှိ ချောင်းလက်တက်တစ်ခုအတွင်း ကဏန်းဖမ်းသည့် အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသားကို ကိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ခရီးစဉ်အတွင်း တိုင်စာ သုံးရာနီးပါးရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် ခရီးစဉ်အတွင်း တနင်္သာရီတိုင်းသားများက ပေးပို့သည့် တိုင်ကြားစာသုံးရာနီးပါးရှိကြောင်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။ မြိတ်မြို့ခရီးစဉ်တွင် တိုင်စာ ၁၃၁ စောင်၊ ကော့သောင်းမြို့ခရီးစဉ်တွင် ၇၀ စောင်နှင့် ထားဝယ်မြို့ခရီးစဉ်တွင် ၈၉ စောင်ရှိကြောင်း အထက်ပါရုံးများထံမှ သိရသည်။

ပဲခူးထွက် ဖရဲသီး ထိုင်းနယ်စပ်တွင် စမ်းရောင်း

ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဖရဲသီးများကို ထီးခီးနယ်စပ်တွင် ပထမဆုံးအကြိမ် သွားရောက်ရောင်းချခဲ့ရာ ထိုင်းနိုင်ငံသားများ ၀ယ်ယူမှုများပြားကြောင်း ဖရဲသီးသွားရောင်းခဲ့သူ ဦးရဲမြတ်သူက ပြောသည်။ ပုံမှန်အားဖြင့် ထိုင်းနိုင်ငံထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းများကို ထားဝယ်ဒေသသို့ တင်သွင်း ရောင်းချနေခဲ့သည်။

စိတ်ကြွမူးယစ်ဆေးပြားနှင့်အတူ ပစ္စတိုသေနတ် ဖမ်းမိသူကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျနိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့်၊ ကွင်းဆက်များ ထပ်မိ

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်တွင် ဖေဖော်ဝါရီလ ၈ ရက်က WY စိတ်ကြွ ဆေးပြားများနှင့်အတူ ပစ်္စတိုသေနတ် ဖမ်းမိသူများကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံရနိုင်သည့် မူးယစ်ပုဒ်မ များဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ပိန္နဲတောရပ်ကွက် ရွှေတောင်စားလမ်းရှိ...

တနင်္သာရီတိုင်းတွင် ဆေးယဉ်းပါး တီဘီဖြစ်ပွားသူ ပိုများလာ

တနင်္သာရီတိုင်းအတွင်း ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားသူ ၂၀၁၈ ခုနှစ်တွင် နှစ်ဆယ်ခန့် ပိုလာကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဆေးယဉ်ပါး တီဘီဖြစ်ပွားသူ လူနာအသစ် ထားဝယ် ခရိုင်တွင် ၂၂ ဦး၊...

ထားဝယ်-ထီးခီး လိုင်စင်မဲ့ကားများ ဖမ်းဆီးရန် အဖွဲ့မစုံသည့်အတွက် ကြန့်ကြာ

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ပြေးဆွဲနေသည့် တရားမ၀င် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီး အရေးယူရန် အဖွဲ့မစုံသေးသည့်အတွက် ကြန့်ကြာနေကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်ကြီးကြပ်ရေးအသင်းထံမှ  သိရသည်။ ထားဝယ်-ထီးခီးသို့ တရားမ၀င် ပြေးဆွဲနေသည့် လိုင်စင်မဲ့မော်ယာဉ်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁...

ကျွန်းများတွင် ငှက်သိုက်စုဆောင်း ထုတ်ယူခွင့် သုံးနှစ်အထိ တိုးမြှင့်

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများတွင် ငှက်သိုက်စုဆောင်းထုတ်ယူခွင့်ကို သုံးနှစ်အထိ တိုးမြှင့်လိုက်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ယခင်က ငှက်သိုက်စုဆောင်းထုတ် ယူခွင့်ကို တစ်နှစ်သာ ခွင့်ပြုရာမှ လက်ရှိဘဏ္ဍာနှစ်မှ စတင်ကာ သုံးနှစ်အထိလုပ် ကိုင်ခွင့်ပြုတော့မည် ဖြစ်သည်။ ငှက်သိုက်စုဆောင်းထုတ်လုပ်ခွင့် သုံးနှစ်သတ်မှတ်နိုင်ရန် တိုင်းအစိုးရနှင့်...

ပရီ ၊ ရို ၊ ပရို တွေနဲ့ ဘွဲ့ကိုကြို

မိသားစုဝင် တစ်ယောက်ယောက် ကျောင်းပြီး၍ ဘွဲ့ယူရတော့မည်ဆိုလျှင် တစ်မိသားစုလုံး ရင်တွေခုန်။ တချို့က မိသားစုဝင်များ သာမက အိမ်နီးချင်းများပါ ကျောင်းကို လိုက်ပါကြ။ ကျောင်းကို မသွားခင်တွင် မပျက်မကွက် ချီတက်ကြရသည့် နေရာက အလှပြင်ဆိုင်။ အလှပြင်ဆိုင်တွင် တန်းစီစောင့်ကြပြီးသည်နှင့်...

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် အလွန် တိုင်းသားတို့ ဘာမျှော်လင့်နေလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အချို့၏ တနင်္သာရီတိုင်းဒေသကြီး ၃ ရက်တာ ခရီးစဉ် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ တိုင်းဒေသကြီး၏ ၀န်ကြီးချုပ်နှင့်၊ ၀န်ကြီးဖြိုးဝင်းထွန်း၊ NLD ပါတီ တိုင်း ဥက္ကဋ္ဌတို့ အဂတိလိုက်စားသည်ဟု အတိုင်ခံထားရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ပေါ်ပေါက်လာသဖြင့် တိုင်းတွင်း၌...

ပလောက်တွင် အရက်အတူသောက် ရာမှ စကားများပြီး ရဲဒင်းဖြင့်ထုသတ်

ပလောက်မြို့တွင် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ရဲဒင်းဖြင့် ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၉ ရက်က သေဆုံးသူ၏ နေအိမ်တွင် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အရက်အတူ သောက်ရာမှ ရန်ဖြစ်ကာ...