ကာတာကမ္ဘာ့ဖလားနဲ့ ပျောက်ကွယ်နေဆဲ အမျိုးသမီးအခွင့်အရေး
ကာတာဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိနေပေမယ့် ကာတာအမျိုးသမီး ဘောလုံးအသင်းကတော့ မှေးမှိန်ပျောက်ကွယ်နေပါတယ်။
ဘောလုံးနယ်ပယ်မှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ ပေးနေသရောင် ဖန်တီးထားပေမယ့် လက်တွေ့မှာတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတောင် မရတာကို တွေ့ရပါတယ်။ ဒီအကြောင်း တင်ဆက်ထားတာကို ကြည့်ရှု့နားဆင်နိုင်ပါပြီ။
လောင်းလုံးအမျိုးသမီးထုသပိတ်
လောင်းလုံးမြို့နယ်အတွင်းရှိ အမျိုးသမီးတွေဦးဆောင်ကာ သြဂုတ်လ ၂၈ရက်တွင် 'နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု' ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကင်ဆာရောဂါကို အနိုင်တိုက်ပြီး ဘဝကို အရှုံးမပေးခဲ့သူ တင်းနစ်မယ်ကြီး
သူ့နာမည်က မာတီနာ နတ်ဗ်ရာတီလိုဗာ။ တင်းနစ်လောကရဲ့ဂန္ထဝင် တင်းနစ်မယ်ကြီး။ လက်ရှိမှာ အသက်က ၆၆ နှစ်အရွယ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နတ်ဗ်ရာတီလိုဗာ ဟာ သူ့မှာ ကင်ဆာနှစ်ခု ရှိနေပြီဆိုတာကို ဆေးစစ်ချက်အဖြေတွေအရ သိလိုက်ရပါတယ်။ ဖြစ်နေတာက ရင်သားကင်ဆာနဲ့ လည်ချောင်းကင်ဆာ။
သရက်ချောင်း ကျေးလက်ရဲ့ အမျိုးသမီးထုသပိတ်
သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျေးရွာနဲ့ရန်တောင်ကျေးရွာနေအမျိုးသမီးတွေ စုပေါင်း၍ ဇူလိုင် ၁၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။
လပေါင်းများစွာပိတ်လှောင် မုဒိမ်းကျင့်ခံရမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာမိန်းကလေ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က ကွေးတီယိုဆိုင်မှာ လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းအလုပ်ရှင်က မုဒိမ်းကျင့်ပြီး ၇လကြာ ပိတ်လှောင်ထားခဲ့ပါတယ်။
ပိတ်လှောင်ထားတဲ့ ကာလမှာလည်း အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
တော်လှန်မြေက ပွင့်တဲ့ပန်းတွေ
စပိန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။
ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာတာပါပဲ။
စပိန်ဘောလုံးလောကအတွက်လည်း ဒါက သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့...
နယ်သာလန်နိုင်ငံရဲ့ စွမ်းဆောင်ရှင်ဆုကို ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး
ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပြီး နယ်သာလန်နိုင်ငံကို ရောက်ရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး မဧကရီစိုးဟာ Golden Girl Award လို့ခေါ်တဲ့ ရွှေသမီးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။
တနင်္သာရီတိုင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့လို့...
မိဘတွေရဲ့ အကြွေးကြောင့် ခေတ်သစ်ကျွန်ပြုခံလိုက်ရတဲ့ ကလေးတွေ
ထားဝယ်ခရိုင်က အသက် ၁၃ နှစ်အရွယ် ကောင်မလေးဟာ အလုပ်ရှင်တွေရဲ့ ရိုက်နှက်မှုကြောင့် သတိမေ့လဲသွားလို့ ဆေးကုသမှုခံယူနေရပါတယ်။
သူမ၏မိဘတွေက အကြွေးတွေမဆပ်နိုင်လို့ သူမနှင့်အတူ ညီအစ်မသုံးဦးလုံးကို အပေါင်ပစ္စည်းအဖြစ် သူဌေးဆီမှာ ထားခဲ့ရတာပဲဖြစ်ပါတယ်။
တာလီဘန်တွေကြောင့် ထွက်ပြေးခဲ့ရပြီး ဘောလုံးသမားနဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့သူ ဘောလုံးမယ်
သုံးရောင်ခြယ်ဘဝလို့ ဆိုရမလားပါပဲ။
တစ်ချိန်က ဒုက္ခသည်ပြည်ပြေး၊ အဲ့ဒီနောက်မှာ ဘောလုံးသမား၊ ဘောလုံးသမားဘဝနဲ့တွဲဖက်လို့ ပညာထူးချွန်ပြီး ဆရာဝန်ဖြစ်လာခဲ့လို့ သူမကို သုံးရောင်ခြယ်ဘဝလို့ တင်စားရတာပါ။
သူမရဲ့အမည်က နာဒီးယား နာဒင်းမ် ဖြစ်ပါတယ်။...
အသက် ၁၆ နှစ်နဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ကစားခွင့်ရသွားတဲ့ ကိုရီးယားသူလေး
လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကိုရောက်ရင် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင်ကျင်းပတော့မှာပဲဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပူးတွဲအိမ်ရှင်တွေအဖြစ် ကျင်းပသွားဖို့ ရှိနေတာက ဩစတြေးလျနဲ့ နယူးဇီလန် တို့ပါပဲ။