နတ်ပူးကာ မြူးသူများ

နတ်ဝင်ပူးမည်ကို ကြောက်သူတို့ လောင်းလုံးမြို့နယ်က ပန်းတင်အင်းရွာ ရှစ်ပန်ဒတ် နတ်ပွဲသို့ လာမကြည့်သင့်ပါ။ စခန်းသစ်ဟု ခေါ်သော ရှစ်ပန်ဒတ် နတ်ဒိုးသံအောက်တွင် မည်သူမဆို နတ်ဝင်ပူးနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ပြင် နတ်ကိုးကွယ်ယုံကြည်မှုကို လက်မခံသူ၊ နတ်ဝင်ခြင်းကို အကဲစမ်း ချင်သူ၊ ကိုယ်နှုတ် စောင့်စည်းမှု အားနည်းသူတို့ကိုလည်း ရွာသူရွာ သား...

ဦးရှင်ကြီး လုသူများ

ကမ်းရိုးတန်းရှည်ဖြင့် ဖွဲ့စည်း ထားသော တနင်္သာရီတိုင်းတွင် ဆွမ်း တော်ကျ လုဖူးသူ ပေါလှသည်။ အထူး သဖြင့် တံငါလုပ်ငန်းလုပ်ကိုင်သည့် ပင်လယ်ရွာများတွင် ကလေးလူငယ် ဘ၀ကို ဖြတ်သန်းဖူးသူတိုင်း ဆွမ်းတော် ကျ လုဖူးကြသည်ချည်း။ ဒေသခံများ ကတော့ ဦးရှင်ကြီး လုသည်ဟု ခေါ် ကြသည်။...

ဆယ်ပါးအကျိုး မတောင်းဘဲ ပြည့်သူများ

လျင်မြန်၊ သန့်ရှင်း၊ ကျော်စောခြင်း နှင့် လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ ဒီယံသက်ရှည် ရုပ်ရည်ဆင်းလှ၊ သုခခွန်အား၊ ပညာများ ၁၀ ပါး ရေလှူအကျိုး။ မြို့ပြ ကျေးလက်မခြား လမ်းဘေး ဝဲယာတွင် တွေ့ရတတ်သော ရေအိုးစင် လေးများသည် မြန်မာနိုင်ငံ၏ အမှတ် လက္ခဏာတစ်ခု ဖြစ်သည်။ နိုင်ငံသား တို့၏ သဒ္ဓါတရား ပြယုဂ်တစ်ခုပင်...

ခုံဖိနပ် စီးတတ်ကြသေးပါ၏လော

တချိန်က အိမ်တိုင်းအိမ်တိုင်း၏ ဖိနပ်ချွတ်နေရာတွင် သစ်သားဖိနပ်လေး များ နေရာ ယူထားခဲ့ဖူးသည်။ ယခုကား ထိုဖိနပ်လေးများ မတွေ့ရတော့၊ အလွယ်တကူပင် မဝယ်နိုင်တော့ပေ။ နှောင်းလူငယ် အတော်များများ ယင်းသစ်သားဖိနပ်လေးများကို"ခုံဖိနပ်" ဟု ခေါ်ကြောင်းပင် မသိတော့ချေ။ "ခုံဖိနပ်ဆိုတာ ကြားဖူးသလိုလိုပဲ၊ ဒါပေမဲ့ သတိမထားမိဘူး၊ သေသေချာ ချာလည်းမမြင်ဖူးဘူး"ဟု မြိတ်မြို့၊ ဇေယျာသီရိရပ်နေ...

မီးပုံနဘေးမှာ ဝိုင်းကာပတ်ကာ

ဒီဇင်ဘာလဆန်းနှင့် လလယ်တွင် အတော်ပင် ချမ်းခဲ့သည်။ တစ်နှစ်ပတ် လုံးတွင် တစ်ပတ်မျှ ချမ်းခြင်း ဖြစ်ပေ သည်။ ထိုသည်ပင် နှစ်စဉ်မဟုတ်။ လေးငါးနှစ်ကြာမှ တစ်ခါနှစ်ခါမျှသာ။ ယင်းသို့ ရံဖန်ရံခါ ချမ်းတိုင်း အသက်အရွယ်ရသူတို့က တစ်ချိန်က " ဆောင်း"ကို သတိတရ တမ်းတကြ လေသည်။ ငယ်ရွယ်စဉ် ငါးခြောက်ဈေးသည်...

အလောင်းပြင်ဆဲ မသာဆရာများ

အိမ်တစ်အိမ်တွင် လူတစ်ယောက် ယောက်သေဆုံးလျှင် မဖြစ်မနေ ပြေး ခေါ်ရသူကား "အလောင်းပြင်သူ" ဖြစ်ပါ သည်။ အရပ်ခေါ်က "မသာဆရာ"။ "ကိုယ်လဲမလုပ်ရဲဘူးလေ၊ အယူ အဆတွေလွဲသွားရင် ကိုယ့်ကို ပြောကြ မှာလည်း စိုးတယ်။ ရပ်ကွက်က ကျေနပ် အောင်လုပ်ရသေးတယ်" ဟု ကော့သောင်း မြို့ အောင်သုခရပ်ကွက်မှ...

ဘယ်သီချင်းဆိုလို့ ချော့ရပါ့

ပုခက်လွှဲအရွယ် ကလေးမိခင်ဖခင် များကို မိမိသားသမီးအား မည်သည့် သီချင်း ဖြင့် ချော့သိပ်ပါသနည်းမေး ကြည့်ပါ။ ကိုယ်တိုင်လည်း ]]သားချော့ တေး}} တစ်ပုဒ် စိတ်ထဲက ရွတ်ကြည့်ပါ။ လူတစ်ရာတွင်ကိုးဆယ်ကျော် တစ်ရာနီးပါးလုံး အောက်ပါသီချင်းစာ သားကိုသာ ရေရွတ်ဖြစ်လိမ့်မည်မှာ မလွဲပေ။ "မိတ္ထီလာကန်မယ်.. ဖားကောက်ခဲ့ ပါ့ကွယ်.... ဗျိုင်း..ရှေ့ကပျံကာ...ပျံကာ ရယ်...... မိုး...စုပ်စုပ်ချုပ်ပေါ့... သမီး...

ရယ်ရမောရ အရေးပေါ် ဆရာဝန် ဘ၀(၁၀)

နိဒါန်း။ သည်ဘက်ခေတ်နဲ့ သည်ဘက် စနစ်အတွင်း ကျွန်တော်တို့များစွာ သတိ ထားနေထိုင် အလုပ်လုပ်ကိုင်နေကြရတာ အမှန်။ "ခေတ်မပြောင်းသေးဘူးလား"ဆိုသည့်အမေးကို ကျန်းမာရေး ဝန်ထမ်း တွေ ဖြစ်ကြသည့် ကျွန်တော်တို့တွေလည်း"ပြောင်းချင်လှပေါ့"လို့...

ရှေးသရော အခါက ပုံပြောကြရာဝယ်

အရွယ်ရောက်ပြီးသူတိုင်း ပုံပြင် တစ်ပုဒ်ကို ကျကျနန ပြောတတ်ချင်မှ တတ်မည်။ သို့သော် ပုံပြောသည်ကို နားထောင်ဖူးသူချည်းသာ ဖြစ်ပါမည်။ လူ့ဝန်းကျင်တွင် တခုတ်တရ ပုံပြော သည့်ဓလေ့တချိန်က နေရာရခဲ့ဖူးပါသည်။ အထူးသဖြင့် ညအိပ်ရာဝင်ချိန် များတွင် အိမ်ရှိ ဘိုးဘွားမိဘတစ်ဦး ဦးက ပုံပြင်များ ပြောပြတတ်ကြသည်။ ပုံပြင်အများစုက ခေတ်အဆက်ဆက် လက်ဆင့်ကမ်း...

ဖုန်းဓာတ်ဆရာတို့ ပေါလာသောအခါ

၁၈ ရာစု အစောပိုင်းကစခဲ့သော 'ဓာတ်ပုံ ရိုက်ကူးခြင်း' ယဉ်ကျေးမှုက ယခု ၂၁ ရာစု အထိ လူတို့ကို ရင်ခုန် လှုပ်ခတ်စေဆဲ ဖြစ်သည်။ 'ဓာတ်ပုံရိုက်မယ်နော်' ဟု ပြော လိုက်လျှင် နားလည်စပိစိကွေးမှအစ ပျိုပျိုအိုအိုထိ ရှက်စနိုးပြု လှုပ်ခတ်ကြမြဲ။ ဓာတ်ပုံ စတင်ပေါ်ပေါက်ကာစ တွင်မူ ကင်မရာမှာ...