ကိုယ်လက်လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားမှုပြုတယ်လို့ ပြောတဲ့အခါ အားလုံးပြေးမြင်ကြတာက ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေကိုပါ။ ပြေးတာ၊ လမ်း လျှောက်တာ၊ အလေးမတာ၊ ကြက်တောင်ရိုက်တာ၊ ဘောလုံးကန်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုကိုယ်လက်လျှပ်ရှား အားကစားလုပ်ဖို့ဆိုတာ ငယ်ငယ်ကတည်းက အလေ့အထ ထူထောင်ထားနိုင်မှသာပုံမှန် လုပ်ဖြစ်တာပါ။

အား/ကာသိပ္ပံ ကျောင်းသားအချို့ ကျောင်းပြန်တက်ရမည်

တနင်္သာရီတိုင်းမှ အားကစားသိပ္ပံ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူအချို့ ဇူလိုင်လတွင် ကျောင်းပြန်တက်ရတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ကနဦးအနေဖြင့် ဆယ်တန်း ကျောင်းသားများမှလွဲပြီး မော်လမြိုင် အားကစားသိပ္ပံတွင် တက်ရောက်နေ သည့် ၂၇...

မြန်မာ ယူ ၂၀ အပါအ၀င် သုံးနိုင်ငံ ဖိတ်ခေါ်ပွဲ ကျင်းပမည်

ကမ္ဘာ့ဖလားအကြို ပြင်ဆင်မှု အနေနှင့် မြန်မာ၊ ဥဇဘက်ကစ္စတန် နှင့် ဖီဂျီ ယူ ၂၀ အသင်းတို့ မန္တလေးမြို့တွင် သုံးနိုင်ငံ ပတ်လည်ဖိတ်ခေါ်ဖလားပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။   မူလက လေးနိုင်ငံ ဖလားပွဲကျင်းပရန် ရည်ရွယ်ထားသော်လည်း ကာတာအသင်းလာရောက် မယှဉ်ပြိုင်တော့ သဖြင့်...

ပြည်ထောင်စုနေ့ အကြို ထားဝယ်တွင် လူတစ်ထောင်ကျော် စက်ဘီးစီး

၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအဖြစ် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဒေသခံများနှင့် အခြေခံပညာ ကျောင်းသား/သူများ စုစုပေါင်းအင်အား ၁၂၀၀ ဦးဝန်းကျင်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြို့တစ်ပတ် စက်ဘီးစီးနင်းခဲ့ကြသည်။ ကျန်းမာသန်စွမ်းစေရန်၊ လောင်စာဆီ သက်သာစေရန်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် လျှော့ချနိုင်ရန်၊ မျိုးဆက်သစ်...

မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

တိုင်းအစိုးရအဖွဲ့ဖလား မြို့နယ် ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို လာမည့် ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပမည် ဖြစ် ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။ မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက်လက်ဝှေ့ပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမတွင် ကျင်းပ...

အားကစားရန်ပုံငွေ မြိတ်နှင့် ကော့သောင်းအတွက် ပိုသုံးရန် လျာထား

အားကစားကဏ္ဍအတွက် တိုင်းအစိုးရ၏ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေတွင် မြိတ်နှင့် ကော့သောင်းခရိုင်တွင် ပိုမို အသုံးပြုရန် လျာထားတင်ပြထားကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းဖြည့်စွက်ရန်ပုံငွေတွင် မြိတ်ခရိုင် ပုလောမြို့နယ် အားကစားကွင်း ကွန်ကရစ်ခင်းရန်၊  ဖူဆယ်ဘောလုံးကွင်းဆောက်ရန်နှင့်  ကျွန်းစုမြို့နယ် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမ အကြားရှိ...

ပြေးခုန်ပစ်အားကစား ပြိုင်ပွဲစည်းကမ်း ယခင်အတိုင်း သတ်မှတ်ရန် တင်ပြ

တနင်္သာရီတိုင်းအတွက် အဓိက အားထားနေရသည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲစည်းကမ်းကို အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးချုပ်က ပြောင်းလဲသတ်မှတ်လိုက်သဖြင့် ယခင် ပြိုင်ပွဲစည်းကမ်းအတိုင်းသာ ဆက်လက်ကျင်းပရန် ဇူလိုင်လလယ်က တင်ပြထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယခင်က တိုင်းနှင့်ပြည်နယ်အဆင့် ပြေးခုန်ပြိုင်ပွဲတွင် အားကစားနည်းတစ်ခုကို ပြိုင်ပွဲဝင် ကစားသမား...

ဆီဂိမ်းပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးနှစ်ဦးပါ

မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက်ဆီဂိမ်းတွင် တနင်္သာရီ တိုင်းမှ အမျိုးသမီး ကစားသမားနှစ်ဦး ပါဝင်မည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညာဦးစီးဌာနထံမှ သိရ သည်။ အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဘော်လီဘောနှင့် ဂျူဒို အားကစားနည်း တွင် ပါဝင်ယှဉ်ပြိုင်ရန် အပြီးသတ် ရွေး ချယ်ခံထားရပြီးဖြစ်ကြောင်း တိုင်းအား/ကာ...

အားကစားပြက္ခဒိန်အသစ်တွင် ဂေါက်သီးရိုက်ပြိုင်ပွဲအစား ဗိုဗီနမ်ပြိုင်ပွဲ ထည့်သွင်း

တနင်္သာရီတိုင်း၏ ၂၀၁၉ - ၂၀၂၀ အားကစားပြက္ခဒိန်အသစ်တွင် ဂေါက် သီးရိုက်ပြိုင်ပွဲကို ဖြုတ်လိုက်ပြီး၊ ဗိုဗီနမ် ပြိုင်ပွဲကို ထပ်တိုးထားကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ဂေါက်သီးရိုက်အားကစားနည်းကို အားကစားနှင့် ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ကျင်းပတော့မည်မဟုတ် ဘဲ...

မြို့နယ်အလိုက် အားကစားပွဲများ တစ်နှစ်ပတ်လုံး ကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် အလိုက် အားကစားပွဲများကို ယခုနှစ်တွင် တစ်နှစ်ပတ်လုံး ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ မြို့နယ် အားကစား ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ကို ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်မှ စ၍ မြို့နယ်တိုင်းတွင် ပြိုင်ပွဲများကို ယခင် ထက် တိုးမြှင့်...