ပြိုင်ပွဲထိုးသတ်ဖို့အတွက် ဘန်ကောက်မြို့ကို အောင်လအန်ဆန်း ရောက်ရှိနေပြီ

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲထိုးသတ်ဖို့အတွက်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အောင်လအန်ဆန်းဟာ သူ့အသင်းနဲ့အတူ ဘန်ကောက်မြို့ဆီကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။  “ကျွန်တော့်ရဲ့လူထုတွေကို ကိုယ်စားပြုခွင့်ရရှိတဲ့အတွက် ဘုရားသခင်၊ ကျွန်တော့်ရဲ့မိသားစုနဲ့ ကျွန်တော့်ရဲ့အသင်းကို ကျေးဇူးတင်ပါတယ်”လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။ အောင်လအန်ဆန်းဟာ အစောပိုင်းက တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ထိုးသတ်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့် ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်သာ လိုတော့တဲ့အချိန်ကိုရောက်မှ ဖန်ရောင်းက ကိုဗစ်ကူးစက်မှုခံထားရကြောင်း သိရှိလိုက်ရတဲ့အတွက် ပြိုင်ဘက်ပြောင်းလဲလိုက်ရပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ CATCHWEIGHT တန်းပွဲစဉ်အဖြစ်ထိုးသတ်ကြလိမ့်မယ်လို့ သိရပါတယ်။ ဒီပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Impact Arena မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

အာရှမြေမှာ တောင်အမေရိကအသင်းပဲ ချန်ပီယံဖြစ်တဲ့စံချိန်ကို ဆက်ထူပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ပြင်သစ်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြလိုက်တဲ့ အာဂျင်တီးနား

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားနဲ့ လက်ရှိချန်ပီယံပြင်သစ်တို့ အားပြိုင်ခဲ့တဲ့ပွဲစဉ်ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းချိန်မှာ အာဂျင်တီးနားက အနိုင်ရရှိသွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ လက်ရှိချန်ပီယံပြင်သစ်ကို ပထမပိုင်း ၄၅ မိနစ်မှာ နှစ်ဂိုးပြတ်နဲ့...

ခေတ်သစ်နော်စတာဒါးမတ်စ် ဟောကိန်းထုတ်အပြီး တိုက်တိုက်ဆိုင်ဆိုင် ပြင်သစ်ကစားသမားအချို့ ဖျားနာ

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ နာမည်ကျော်စောနေတဲ့ ရှေ့ဖြစ်ဟောဆရာ အောသော့စ်ဆလုမ်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနား အနိုင်ရမယ်လို့ ဟောကိန်းထုတ်လိုက်ပြီး နာရီပိုင်းအကြာမှာတင် ပြင်သစ်ကစားတွေထဲက ဖျားနာသူတွေ၊ မအီမသာဖြစ်သူတွေ ပေါ်ထွက်လာခဲ့တယ်လို့ သိရှိရပါတယ်။ ခေတ်သစ် နော်စတာဒါးမတ်စ်လို့ တင်စားခံရတဲ့...
video

ပြင်သစ် နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်မလား၊ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား အောင်ပွဲခံမလား

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် အားလုံးမျှော်စောင့်နေတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်ရောက်ရင် ယှဉ်ပြိုင်ကစားစေတော့မှာပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲ မစတင်ခင်မှာ ပြိုင်ပွဲပိတ်သိမ်းမှုအစီအစဉ်အဖြစ် ဖျော်ဖြေရေးအခမ်းအနားလည်း ပါဝင်မှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

တတိယနေရာလုပွဲမှာ အောင်ပွဲခံသွားခဲ့တဲ့ ခရိုအေးရှား

ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားတတိယနေရာလုပွဲမှာ ခရိုအေးရှားက အကောင်းဆုံးပုံစံနဲ့ကစားပြီး တတိယနေရာကို ရယူသွားခဲ့ပါတယ်။ မော်ရိုကိုဟာ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပေမယ့် ခရိုအေးရှားကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘဲ စတုတ္ထနေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တုန်းကလို မဟုတ်ခဲ့ဘဲ နှစ်သင်းလုံးဟာ ပွဲစတင်တာနဲ့ ဂိုးတွေ...
video

မိနစ် ၉၀ အတွင်း သရေခံကန်သွားဖို့ ရှိနေတဲ့ မော်ရိုကို

ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲ ပွဲစဉ် ပွဲကြိုသုံးသပ်ချက် ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့တတိယနေရာလုပွဲကို ယှဉ်ပြိုင်ကစားပါတော့မယ်။ တတိယနေရာလုပွဲမှာ ထိပ်တိုက်တွေ့နေတဲ့ အသင်းနှစ်သင်းကတော့ ခရိုအေးရှားနဲ့ မော်ရိုကို တို့ပါပဲ။ ဒီနှစ်သင်းဟာ အုပ်စုအဆင့်တုန်းကလည်း ထိပ်တိုက်တွေ့ခဲ့ပြီးပါပြီ။...

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲမယ်လို့ နာမည်ကြီး ရှေ့ဖြစ်ဟော အေသော့စ်ဆလုမ်း ဟောကိန်းထုတ်

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ သတ်မှတ်ခေါ်ဝေါ်ခြင်းခံနေရတဲ့ အေသော့စ် ဆလုမ်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဖိုင်နယ်မှာ အနိုင်ရရှိပြီး ချန်ပီယံဆုကို ရရှိသွားမယ့်အသင်းက အာဂျင်တီးနားဖြစ်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ အေသော့စ် ဆလုမ်း ဟာ ဘရာဇီးနိုင်ငံမှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ မစတင်ခင်ကတည်းက...

ပီအက်စ်ဂျီတိုက်စစ်မှူး နှစ်ယောက်နဲ့ မန်ယူခံစစ်မှူး နှစ်ယောက် အားပြိုင်မယ့် ဗိုလ်လုပွဲ

ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီဇင်ဘာလ ၁၈ ရက်နေ့ရောက်ရင် ကြည့်ရှုကြရပါတော့မယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်ရောက်လာတဲ့ အသင်းနှစ်သင်းကတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကထိပ်သီး အာဂျင်တီးနားတို့ပါပဲ။ ဒီပွဲစဉ်ကို အဆုံးအဖြတ်ပေးမှာက ခံစစ်နဲ့ တိုက်စစ်ရဲ့အရေးပါတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။...

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ...

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ...