အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်း အမှတ်ပေးချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး၊ အသင်းနည်းပြက စီရော်နယ်ဒိုကို ကျေးဇူးတင်စကားဆို

ဆော်ဒီအာရေဗျ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အသင်းသမိုင်းကြောင်းတလျှောက် အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် ရာသီသိမ်း နောက်ဆုံးပွဲစဉ်တွင် အမှတ်ပေးဇယား၏အဆင့် ၁၄ နေရာတွင် ရှိနေသော အယ်လ်ယာမာမာ အမျိုးသမီးအသင်းနှင့်...

ပေါင် ၄ ဒသမ ၅ ဘီလီယံဖြင့် မန်ယူကိုဝယ်ရန် ကာတာ၏အင်အားအကြီးဆုံး ဘဏ်ပိုင်ရှင် ဥက္ကဋ္ဌ ကမ်းလှမ်း

ကာတာနိုင်ငံ၏အင်အားအကြီးဆုံး ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဟာမတ်ဒ် ဘင်ဂျတ်စ်ဆင်း ဘင်ဂျတ်ဘ်ဘား အယ်လ်သာနီသည် မန်ယူအသင်းကို အကြွေးမထားဘဲ ငွေသားသီးသန့် ပေါင် ၄ ဒသမ ၅ သန်း တိုက်ရိုက်ပေးချေမည့်ပုံစံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားပြီဖြစ်ကြောင်း အတည်ပြုချက် ထွက်ပေါ်လာခဲ့သည်။

တရုတ်ဖိုက်တာ ဖန်ရောင်းကို အောင်လအန်ဆန်း ရင်ဆိုင်ထိုးသတ်ရမည်၊ နိုင်လျှင် ရွှေခါးပတ်ဆုစိန်ခေါ်ပွဲများ ထိုးသတ်ရဖွယ်ရှိ

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းသည် ရှေ့လာမည့်ပွဲစဉ်တွင် တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရတော့မည်ဖြစ်ကြောင်း One Championship က အသိပေးထားသည်။ ယင်းပွဲစဉ်ကို လာမည့် မေလ ၅ ရက်နေ့၌ ကျင်းပမည့်ပြိုင်ပွဲတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း...

ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင် အနိုင်ယူ၊ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရသွားပြီ

ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် The Great Letwei ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရသွားသည်။ ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်သည် ပွဲချီ...

ကမ္ဘာ့စံချိန်လုပ်ခလစာပေးပြီး ခေါ်ယူထားသည့် စီရော်နယ်ဒို ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အချို့ လွဲမည်

ဆော်ဒီအာရေဗျ အယ်လ်နတ်စ်ဆာအသင်း၏အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အတွက် အသင်း၏ပွဲစဉ်တချို့ကို ပါဝင်ကစားပေးနိုင်တော့မည်မဟုတ်ဘဲ လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ အယ်နတ်စ်ဆာသည် စီရော်နယ်ဒိုကို ကမ္ဘာ့စံချိန်တင်လုပ်ခလစာဖြစ်သည့် တစ်နှစ်လုပ်ခ ပေါင်သန်း ၁၇၀ ပေး၍ခေါ်ယူထားခြင်းဖြစ်ပြီး အကယ်၍ စီရော်နယ်ဒိုကို ဒဏ်ရာကြောင့်...

အာဆင်နယ် သို့မဟုတ် ချယ်လ်ဆီးထံသို့ ပြောင်းခွင့်ပေးရန် ဘရိုက်တန်ကို ကိုင်စီဒို တောင်းဆို

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒို သည် ၎င်းအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းထားသည်ကို လက်ခံကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ပြုရန် မိခင်ကလပ် ဘရိုက်တန်ကို တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ ဘရိုက်တန်သည်...

ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်က အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက်ပါဝင်ကစားပြနေလို့ အားလုံး အံ့အားသင့်နေ

အိုမန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက် ကျန်းမာသွက်လက်ဖျတ်လတ်စွာ ကစားပြနေတဲ့အတွက် ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေက အရမ်းပဲ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ဒီ အသက်...

စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။ လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒို အားပြိုင်မယ့်ပွဲအတွက် အထူးသီးသန့် VIP လက်မှတ်တစ်စောင်ကို ပေါင် ၂ ဒသမ ၂ သန်းဖြင့်ဝယ်ယူ

မက်ဆီနဲ့ စီရော်နယ်ဒို တို့ တွေ့ဆုံအားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲအတွက် တစ်စောင်တည်းအဖြစ် အထူးစီမံကာ လေလံစနစ်နဲ့ ရောင်းချပေးခဲ့တဲ့ VIP လက်မှတ်ကို ဆော်ဒီအာရေဗျ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ လေလံဆွဲသွားခဲ့ပြီး လေလံအောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ခြေစမ်းပွဲကစားပေးဖို့ နီးစပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ် အသိပေး

လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ခြေစမ်းပွဲလာရောက်ကစားပေးဖို့အရမ်းပဲ နီးစပ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။ ဒီသတင်းကို ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာဇီ ဆလာဟူဒင် က တရားဝင်ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပြီး လာမယ့်ဇွန်လရောက်ရင် ကစားခွင့်ရှိတဲ့ ဖီဖာနိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲသီတင်းပတ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ အာဂျင်တီးနားတို့...