ထားဝယ်အသင်းက အနုပညာရှင်အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရ

ထားဝယ်မြို့တွင်ကျင်းပသည့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ထားဝယ် ဘောလုံးအဖွဲ့ချုပ်အသင်းက Star Actor အနုပညာရှင်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် ထားဝယ်ဘောလုံးအဖွဲ့ချုပ်အသင်းက ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင်း ထားဝယ်ဘောလုံး...

သုံးနှစ်နီးပါး ပိတ်ထားသည့် ထားဝယ်ကာယဗလအသင်း အားကစားရုံ ပြန်ဖွင့်

ကိုဗစ်ကပ်ဘေးပြင်းထန်ချိန်ကတည်းက ပိတ်ထားခဲ့သည့် ထားဝယ်ကာယဗလအသင်း၏ အားကစားရုံ (အလေးမရုံ)ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြန်ဖွင့်လိုက်ကြောင်း ဦးဆောင်သူအချို့ထံမှ သိရသည်။ ထားဝယ်မြို့ ဘုရားရှစ်မြှောင့်လမ်းဆုံရှိ ယင်းအလေးမရုံကို ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ယာယီပိတ်ထားခြင်းဖြစ်ကြောင်း ဦးဆောင်သူများထဲမှ ...

ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင် အနိုင်ယူ၊ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရသွားပြီ

ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် The Great Letwei ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရသွားသည်။ ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်သည် ပွဲချီ...

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲမယ်လို့ နာမည်ကြီး ရှေ့ဖြစ်ဟော အေသော့စ်ဆလုမ်း ဟောကိန်းထုတ်

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ သတ်မှတ်ခေါ်ဝေါ်ခြင်းခံနေရတဲ့ အေသော့စ် ဆလုမ်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဖိုင်နယ်မှာ အနိုင်ရရှိပြီး ချန်ပီယံဆုကို ရရှိသွားမယ့်အသင်းက အာဂျင်တီးနားဖြစ်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ အေသော့စ် ဆလုမ်း ဟာ ဘရာဇီးနိုင်ငံမှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ မစတင်ခင်ကတည်းက...

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ...

စံချိန်မှတ်တမ်းတွေ ရယူပြီး အုပ်စုအဆင့်ကနေပဲ ကာတာ လှည့်ပြန်ပြီ

အိမ်ရှင်ကာတာအသင်းဟာ စံချိန်မှတ်တမ်းတွေ တပွေ့တပိုက်ရယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်ကနေ နှုတ်ဆက်လှည့်ပြန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်မှာတုန်းက အီကွေဒေါကို ခြေစွမ်းချင်း မယှဉ်နိုင်ခဲ့တဲ့ ကာတာဟာ အုပ်စုဒုတိယပွဲစဉ်မှာလည်း ဆီနီဂေါကို ယှဉ်မကစားနိုင်ဘဲ အရေးနိမ့်သွားခဲ့ရပါတယ်။ အီကွေဒေါနဲ့ပွဲစဉ်တုန်းက...

မြန်မာ့လက်ဝှေ့ ချန်ပီယံဟောင်းရွှေဓူဝံ ကားမှောက်ပြီးကွယ်လွန်

မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်း ရွှေဓူဝံသည် ယနေ့မနက်ပိုင်းက အမြန်လမ်းတွင် ဖြစ်ပွားခဲ့သော ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။ ရန်ကုန် - မန္တလေး အမြန်လမ်းတွင် မောင်းနှင်လာခဲ့သော ဒို့ညီနောင် အမြန်ယာဉ်သည် ယနေ့နံနက် ၅ နာရီခွဲခန့်အချိန်တွင်...

စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။ လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။

ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်က အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက်ပါဝင်ကစားပြနေလို့ အားလုံး အံ့အားသင့်နေ

အိုမန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက် ကျန်းမာသွက်လက်ဖျတ်လတ်စွာ ကစားပြနေတဲ့အတွက် ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေက အရမ်းပဲ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ဒီ အသက်...

အုပ်စုဒုတိယရဖို့ ဂျပန်ကို အရှုံးခံကစားလိုက်တာလား စပိန်၊ ဂျာမနီကတော့ အုပ်စုကနေ လှည့်ပြန်ရပြီ

အုပ်စု(E) နဲ့ အုပ်စု(F)တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာလည်း မျှော်မှန်းမထားတဲ့ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးအဖြင့် အုပ်စု(E)မှာ မော်ရိုကို အုပ်စုဗိုလ် ဖြစ်သွားတာက အုပ်စု(F)ကပွဲတွေကို သက်ရောက်မှု ကြီးမားသွားခဲ့ပါတယ်။ အုပ်စု(E)က ပွဲစဉ်တွေမှာ မော်ရိုကိုက ကနေဒါကို နှစ်ဂိုး တစ်ဂိုးနဲ့...