တနင်္သာရီ ကစားသမားများ တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်စံချိန်ချိုး

ယမန်နှစ် တိုင်းနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဝင် ကစားသမားများ၏ အမြင့်ဆုံးစံချိန် များကို တနင်္သာရီကစားသမားဆယ်ဦး က ချိုးနိုင်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ ထားဝယ်မြို့တွင် ကျင်းပခဲ့သည့်...

ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု အတက်ကြွဆုံးဆု တစ်နိုင်ငံလုံးတွင် မြိတ်ခရိုင် ပထမရ

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အစီအစဉ် တွင် တက်ကြွဆုံးဆုကို မြန်မာတစ်နိုင်ငံ လုံးတွင် မြိတ်ခရိုင်က ပထမရရှိခဲ့ကြောင်း မြိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ နှစ်စဉ်ချီးမြှင့်နေသည့် ယင်းအား ကစားဆုကို မတ်လ ၁၃ ရက်က နေပြည် ...

ပဏာမနှင့် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသည့် တနင်္သာရီ ကစားသမား တစ်ဆယ်ဦးရှိ

မြန်မာ့လက်ရွေးစင်နှင့် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသည့် တနင်္သာရီတိုင်းမှ အားကစားသမား တစ်ဆယ်ဦး ရှိကြောင်း တိုင်းအားကစား နှင့်ကာယပညာဦးစီးဌာနထံမှ သိရ သည်။ မြန်မာ့လက်ရွေးစင်အဖြစ် ငါးဦး နှင့် ပဏာမ လက်ရွေးစင်အဖြစ် ငါးဦး ရွေးချယ်ခံထားရခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်တွင် မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက် ၂၅ နှစ်အောက် ပိုက်ကျော် ခြင်းပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် မတ် ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

အသက် ၂၅ နှစ်အောက် ဘောလုံးပွဲ တနင်္သာရီအသင်း အသက် ၂၀ အောက် များဖြင့် ၀င်ပြိုင်မည်

တိုင်းနှင့်ပြည်နယ် အသက်၂၅ အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို တနင်္သာရီအသင်းမှ အသက် ၂၀ အောက် ကစားသမားများဖြင့် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ဒေါ်အောင်အောင်က ပြောသည်။ ယင်းပြိုင်ပွဲဝင်ရန်အတွက် ၂၀၁၈ ခုနှစ်က တိုင်းနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် ပြိုင်ပွဲဝင်ထားသည့်...

သရက်ချောင်းတွင် အသက် ၁၇ နှစ်အောက် ဖိတ်ခေါ်ဘောလုံးပွဲပြိုင်လို သူများ စာရင်းပေးပါ

သရက်ချောင်းမြို့နယ်တွင် ကျင်းပ မည့် အသက် ၁၇ နှစ်အောက် အမျိုးသား ရပ်ကွက်ကျေးရွာပေါင်းစုံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ၀င်လိုသည့် အသင်းများ အနေဖြင့် မတ်လ ၁ ရက်မှ စတင် စာရင်းပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

လောင်းလုံးကျောင်းသူတစ်ဦး ကျောင်းပေါင်းစုံပြိုင်ပွဲမှ နိုင်ငံလက်ရွေးစင် ဖြစ်လာ

တိုင်းနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့် လောင်းလုံးမြို့နယ် သကျက်တောအထက်တန်းကျောင်းသူ မသင်းသင်းစိုးသည် နိုင်ငံလက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် အရွေးခံခဲ့ ရသည်။ လက်ရှိတွင် ၂၀၁၉ ခုနှစ်  အာရှ အသက် ၁၆ နှစ်အောက် ချန်ပီယံရှစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲတွင် လက်ရွေး စင် ကစားသမားအဖြစ် ၀င်ရောက်ယှဉ်...

ထားဝယ် ရပ်ကွက်၊ ကျေးရွာများတွင် အခမဲ့ သိုင်းသင်တန်း ဖွင့်မည်

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မြန်မာ့သိုင်းသင်တန်း များကို အခမဲ့ သင်ကြားပေးမည်ဖြစ် ကြောင်း ထားဝယ်သိုင်းဆပ်ကော်မတီထံမှ သိရသည်။ မိမိတို့၏ ရပ်ကွက်၊ ကျေးရွာတွင် သင်တန်း ဖွင့်လိုပါက ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူငယ်အဖွဲ့ အစည်းများ စသည်တို့မှ သင်တန်းသား ၂၅...

တနင်္သာရီတိုင်း အားကစားအဆင့် တစ်ဆင့်တက်

၂၀၁၇-၂၀၁၈ အားကစားနှစ်က တိုင်းနှင့်ပြည်နယ် အဆင့်လေးတွင် ရပ်တည် ခဲ့သော တနင်္သာရီတိုင်းသည် ၂၀၁၈-၂၀၁၉ အားကစားနှစ်တွင် အဆင့်တစ်ဆင့် တက်ကာ အဆင့်သုံးတွင်ရပ်တည်ခဲ့ ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ အားကစားနှစ်ကို မတ်လ မှ ဖေဖော် ၀ါရီလအထိ သတ်မှတ်ခြင်း ဖြစ်သည်။

အသက် ၂၅ နှစ်အောက် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ရငဲအသင်း ဗိုလ်စွဲ

သရက်ချောင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲတွင် ရငဲကျေးရွာအသင်းက ဗိုလ်စွဲခဲ့ကြောင်း သရက်ချောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှ...