နေပြည်တော်ကျောင်းသား အားစားပြိုင်ပွဲ တနင်္သာရီကျောင်းသား တစ်ရာနီးပါးပြိုင်မည်

နေပြည်တော်တွင်ကျင်းပမည့် ကျောင်းသားအားကစားပွဲတော်ကို တနင်္သာရီ တိုင်းမှ ကျောင်းသား၊ ကျောင်းသူ တစ်ရာ နီးပါးသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့်ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းအားကစားပွဲတော်တွင် ဘောလုံး ၃၆ ဦး၊ ဘော်လီဘော ၂၄...

မက်ဆီနဲ့ စီရော်နယ်ဒို အားပြိုင်မယ့်ပွဲအတွက် အထူးသီးသန့် VIP လက်မှတ်တစ်စောင်ကို ပေါင် ၂ ဒသမ ၂ သန်းဖြင့်ဝယ်ယူ

မက်ဆီနဲ့ စီရော်နယ်ဒို တို့ တွေ့ဆုံအားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲအတွက် တစ်စောင်တည်းအဖြစ် အထူးစီမံကာ လေလံစနစ်နဲ့ ရောင်းချပေးခဲ့တဲ့ VIP လက်မှတ်ကို ဆော်ဒီအာရေဗျ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ လေလံဆွဲသွားခဲ့ပြီး လေလံအောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။

မြို့နယ်ပေါင်းစုံ အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပမည်

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖေဖော် ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ မြို့နယ်ပေါင်းစုံမှ...

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ...

သွေးသစ်ဝင်းလှိုင်ကို သရေထိုးသတ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ထွန်းထွန်းမင်း ဆက်လက်ထိန်းသိမ်း

ရန်ကုန်မြို့၊ သိမ်ဖြူကွင်း၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံရှစ်(MLW-8)ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ပူးတွဲသရေကျကာ ထွန်းထွန်းမင်းက ချန်ပီယံရွှေခါးပတ်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ကြောင်း သိရှိရသည်။ ရှစ်ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ခု...

တနင်္သာရီ အမျိုးသမီဘောလုံးအသင်း ကစားသမားအင်အားမပြည့်ဘဲ ပြိုင်ပွဲဝင်နေရ

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော တနင်္သာရီ တိုင်း အသင်းသည် လက်ရှိတွင် ကစား သမား အင်းအားအပြည့်မရှိဘဲ ပြိုင်ပွဲဝင် နေရကြောင်း ယင်းအသင်းအုပ်ချုပ်သူ ဦးခင်မောင်ဌေးက ပြောသည်။ တနင်္သာရီအမျိုးသမီးအသင်းသည်...

ပြည်ထောင်စုနေ့ မာရသွန်ပြိုင်ပွဲ ကျင်းပမည်

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မာရသွန်ပြိုင်ပွဲကို ထားဝယ် မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း  တိုင်း အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၆ နာရီ တွင် ကျင်းပမည့် ၅ ကီလိုမီတာ ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲကို ထားဝယ်...

စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။ လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။

တနင်္သာရီဘောလုံးအသင်း ဗိုလ်ထပ်စွဲနိုင်မလား

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင်းပသော သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲတွင် အသက်ကြီးဆုံးဖြစ်သည့် အသက် ၂၁ နှစ်အောက် တနင်္သာရီအမျိုးသားအသင်းသည် တိုင်းနှင့်ပြည် နယ်ပြိုင်ပွဲဝင်ရန်အတွက် နေပြည်တော်ကို ဇန်နဝါရီလ ၂၃ ရက်က ထွက်ခွာသွားပြီ ဖြစ်သည်။ တနင်္သာရီတိုင်းအသင်းသည် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့်...

တိုင်းနှင့်ပြည်နယ်ဘော်လီဘော ပြိုင်ပွဲ တောင်ကြီးတွင် သွားပြိုင်ရမည်

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင်မည့် တနင်္သာရီတိုင်းအသင်းသည် တောင်ကြီးမြို့တွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာပညာ ဦးစီးဌာနထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို တိုင်း နှင့်ပြည်နယ်များတွင် အလှည့်ကျကျင်းပရန်စီစဉ်ထား သောကြောင့် ယခုနှစ် ဘော်လီဘောပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း...