ထားဝယ်တွင် ဖူဆယ်ကွင်း ငါးကွင်းအထိရှိလာ

ထားဝယ်မြို့တွင် ပုဂ္ဂလိကပိုင် ဖူဆယ်ကွင်း လေးကွင်းနှင့် တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနပိုင် ဖူဆယ်ကွင်း တစ်ကွင်း စုစုပေါင်း ငါးကွင်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကွင်းငှားခ တစ်နာရီ ကျပ် ၁၃၀၀၀ မှ...

နွေရာသီ အားကစားသင်တန်း တက်သူတိုင်း အားကစားဝတ်စုံ အခမဲ့ ရမည်

ယခုနှစ် နွေရာသီ ကျောင်းပိတ် ကာလတွင် ပြုလုပ်မည့် အားကစားသင် တန်းများသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူတိုင်း အားကစားဝတ်စုံတစ်စုံစီ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယမန်နှစ်ကမူ...

ရေဖြူလှေလှော်ပြိုင်ပွဲ ကော့သောင်း မာရမ်းအသင်း ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲ

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ထားဝယ်မြစ်အတွင်း ကျင်းပသည့် ရေဖြူမြို့နယ် လှေလှော်ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်းမှ မာရမ်းရွာလှေလှော်အသင်းမှ ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲသွားသည်။ မာရမ်းအသင်းက အလွတ်တန်း ၇ တက်လှော်၊ ၉ တက်လှော်၊...

ထားဝယ်ခရိုင်တွင် မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက် ၂၅ နှစ်အောက် ပိုက်ကျော် ခြင်းပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် မတ် ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

အား/ကာသိပ္ပံတက်ရန် တနင်္သာရီမှ အားကစားသမား လေးဆယ်ဦးခေါ်ယူ

၂၀၂၀ ခုနှစ်တွင် ရန်ကုန်အားကစား သိပ္ပံနှင့် မော်လမြိုင်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရန်အတွက် တနင်္သာရီတိုင်းမှ အားကစားသမား လေးဆယ်ဦးကို ခေါ်ယူထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်အား/ကာသိပ္ပံတွင်တက်ရောက် ရန်အတွက် အားကစားသမား ၈ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတက်ရန်အတွက် အားကစားသမား ၃၂ ဦးကိုခေါ်ယူထား ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန...

အားကစားကဏ္ဍတွင် တနင်္သာရီတိုင်း အဆင့်လေးသို့ ပြန်ဆင်း

၂၀၁၉-၂၀၂၀ အားကစားနှစ်အတွက် တိုင်းနှင့်ပြည်နယ် အားကစားအဆင့် သတ်မှတ်ချက်များ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက ယမန်နှစ်ကထက် အဆင့်တစ်ဆင့် လျော့ကျပြီး အဆင့်လေးသို့ ပြန်ဆင်း သွားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

အသည်းမကြောင်တဲ့ တွေ့မရှောင်

တစ်ချိန်က လက်ဝှေ့ဆိုင်းသံ ကြားရာအရပ်တိုင်းမှာ သူ့ကို တွေ့ရတတ်ပါသည်။ ခုတော့ သူ…၊ ကြိုးဝိုင်းကို ကျောခိုင်းလိုက်ပါပြီ။ ဒဏ်ချက်များဖြင့် ရင့်ကျက်နေသော သူ့မျက်နှာသည် ကြိုးဝိုင်းထဲ၌ မာထန်သလောက် အပြင်တွင် ပုခက်တွင်းက ကလေးငယ်တစ်ယောက်၏ ဖြူစင်သော အပြုံးမျိုးကို...

တစ်နှစ်တာ အားကစားလှုပ်ရှားမူ ဆုချီးမြှင့်မည်

ယခင်က ဒီဇင်ဘာလ အားကစား လှုပ်ရှားမှုအတွက် ဆုချီးမြှင့်ရာမှ ယခု နှစ်မှစပြီး တစ်နှစ်တာအားကစား လှုပ်ရှား မှုဆုအဖြစ် ပြောင်းလဲ ချီးမြှင့်သွားမည် ဖြစ်ကြောင်း အားကစားကာယပညာ ဦးစီးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

ထားဝယ်အသင်းက အနုပညာရှင်အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရ

ထားဝယ်မြို့တွင်ကျင်းပသည့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် ထားဝယ် ဘောလုံးအဖွဲ့ချုပ်အသင်းက Star Actor အနုပညာရှင်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် ထားဝယ်ဘောလုံးအဖွဲ့ချုပ်အသင်းက ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းတွင်း ထားဝယ်ဘောလုံး...

သိုင်းသင်တန်းသား ဖိတ်ခေါ်

မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသည့် သင်တန်းသားများကို ထားဝယ်သိုင်းဆပ်ကော်မတီက ဖိတ်ခေါ်လျက်ရှိသည်။ စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များကို ဗန်တို၊ ဗန်ရှည် စသည့် သိုင်းပညာများ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး အကောင်းဆုံး ကစားသမားများကို ၂၀၂၀ ဇန်နဝါရီလတွင်ကျင်းပမည့် တိုင်းနှင့်...