တနင်္သာရီမြို့နယ်တွင် NUG အစိုးရက ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် NUG အစိုးရမှ ကျောင်းပေါင်းစုံ မိုးရာသီအပျော်တမ်း ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့​ကြောင်း ဒေသခံများထံမှသိရသည်။ ပြိုင်ပွဲကို ရက်သတ္တပတ်ကျော် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၂၃ ရက်(မနေ့က) အောင်မြင်စွာ ပြီးဆုံးသွားကြောင်း ဒေသခံများ...

သွေးသစ်ဝင်းလှိုင်ကို သရေထိုးသတ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ထွန်းထွန်းမင်း ဆက်လက်ထိန်းသိမ်း

ရန်ကုန်မြို့၊ သိမ်ဖြူကွင်း၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံရှစ်(MLW-8)ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ပူးတွဲသရေကျကာ ထွန်းထွန်းမင်းက ချန်ပီယံရွှေခါးပတ်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ကြောင်း သိရှိရသည်။ ရှစ်ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ခု...

ပွဲတိုင်း ဂိုးသွင်းသည့် မက်ဆီ၏စံချိန်နှင့်အတူ အင်တာမီယာမီအသင်း ပထမဆုံးအကြိမ် ဆုဖလားရရှိ

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် မက်ဆီ ပါဝင်ကစားသည့်ပွဲစဉ်တိုင်းတွင် အနိုင်ရရှိသည့်စံချိန်နှင့်အတူ အသင်းသမိုင်းကြောင်းတလျှောက်၌ ပထမဆုံးသောဆုဖလားကို ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်သည်။ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သော အင်တာမီယာမီအသင်းသည် လိဂ်ဖလားဗိုလ်လုပွဲတွင် နတ်ရှ်ဗီးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလားကို ရရှိသွားခဲ့ခြင်းဖြစ်သည်။

အင်တာမီယာမီအသင်း ဗိုလ်လုပွဲအဆင့် သို့ ပထမဆုံးအကြိမ် တက်ရောက်

အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မီယာမီအသင်းသည် မက်ဆီ ပါဝင်ကစားပေးသည့်ပွဲစဉ်မှစတင်၍ နိုင်ပွဲများ ဆက်တိုက်ရရှိကာ အသင်းသမိုင်းကြောင်းတလျှောက်တွင် ဆုဖလားတစ်လုံး၏ဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းရောက်ရှိသွားခဲ့ကြောင်း သိရှိရသည်။ အင်တာ မီယာမီအသင်းသည် လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်တွင် ဖီလာဒဲလ်ဖီးယားအသင်းကို လေးဂိုး တစ်ဂိုးဖြင့်...

စီရော်နယ်ဒို၏သွင်းဂိုးများနှင့်အတူ အယ်လ်နတ်စ်ဆာအသင်း အာရပ်ကလပ်ချန်ပီယံဖလားကို ပထမဆုံးရရှိ

စီရော်နယ်ဒို၏ပုံရိပ်ကြောင့် လူသိများ ထင်ရှားလာခဲ့ပြီဖြစ်သော ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာသည် အာရပ်ကလပ်ချန်ပီယံဖလားဗိုလ်လုပွဲတွင် အခါးသီးဆုံးပြိုင်ဘက်ဖြစ်သော ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်သည်။ အယ်လ်နတ်စ်ဆာသည် ဘုရင်ဆယ်လ်မွန်ချန်ပီယံဖလား(ခေါ်)အာရပ်ကလပ်ချန်ပီယံဖလားပြိုင်ပွဲတွင် ၁၉၉၅ ခုနှစ်နောက်ပိုင်း၌ ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်...

ရာသီဖွင့်ပွဲစဉ်ကို အာဆင်နယ် အနိုင်ရလဒ်နှင့် အစပြု၊ နော်တင်ဟမ်ဖောရက်စ်ကို နှစ်ဂိုး တစ်ဂိုးဖြင့်ကပ်နိုင်

ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်ကို အိမ်ကွင်း အမ်းမရိတ်စ်၌ ကစားခဲ့ရသော အာဆင်နယ်အသင်းသည် နော်တင်ဟမ်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ကပ်နိုင်ကာ ရာသီဖွင့်၌ ရမှတ် ၃ မှတ် ရယူသွားနိုင်ခဲ့ကြောင်း သိရှိရသည်။ အာဆင်နယ်သည် ကစားကွက်အသာစီးဖြင့် နော်တင်ဟမ်ကို...

ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ် တရားဝင် မိတ်ဆက်၊ ကျောနံပါတ် ၉ ဝတ်ဆင်မည်

ဂျာမန်ဘီလူးကြီး ဟု တင်စားခေါ်ဝေါ်ခံရသည့် ဘိုင်ယန်မြူးနစ်အသင်းသည် တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် ဟယ်ရီကိန်းကို ဂျာမန်ဘွန်ဒက်စ်လီဂါဘောလုံးလောက၏သမိုင်းဝင် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ ပေးချေကာ ခေါ်ယူလိုက်ခြင်းဖြစ်ပြီး စပါးအသင်းခေါင်းဆောင်ဖြစ်ခဲ့သော ဟယ်ရီကိန်းကလည်း ယခုအချိန်မှာ...

မက်ဆီ ပါဝင်သည့်ပွဲတိုင်း အနိုင်ရရှိသည့်စံချိန်ကို ဆက်ထိန်းပြီး အင်တာမီယာ ဆီမီးဖိုင်နယ်တက်

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် မက်ဆီ စတင်ပွဲထွက်ကစားည့်ပွဲစဉ်မှစ၍ မက်ဆီ ပါဝင်သောပွဲစဉ်တိုင်း၌ ပြိုင်ဘက်ကို အနိုင်ကစားနိုင်သည့်စံချိန်ကို မှတ်တမ်းစိုက်ထူကာ လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ယနေ့ မြန်မာစံတော်ချိန် မနက်ပိုင်း၌ ယှဉ်ပြိုင်ခဲ့ရသော လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်တာမီယာမီက ချားလော့တ်အသင်းကို...

မက်ဆီ ဝင်ကစားသည့်ပွဲစဉ်တိုင်း အရှုံးမရှိစံချိန်နှင့်အတူ အင်တာမီယာမီ ကွာတားတက်

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် လိဂ်ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် အက်ဖ်စီဒဲလ်လပ်စ်အသင်းကို နောက်ကလိုက်ကစား၍ ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ မက်ဆီ ဦးဆောင်သော အင်တာမီယာမီအသင်းသည် ပွဲအစ ၆ မိနစ်တွင် အဖွင့်ဂိုး...

မက်ဆီရောက်ပြီး နိုင်ပွဲဆက်နေသည့် အင်တာမီယာမီအသင်း နောက်တစ်ဆင့်တက်

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် ယနေ့ယှဉ်ပြိုင်ကစားရသော လိဂ်ဖလား ၃၂ သင်းအဆင့်ပွဲစဉ်တွင် နိုင်ပွဲဆက်လက် ရရှိကာ နောက်တစ်ဆင့်ဆီသို့ ဆက်လက်တက်လှမ်း ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အင်တာမီယာမီသည် မက်ဆီ စတင်ပါဝင်ကစားသည့် ပွဲစဉ်ကတည်းကပင် နိုင်ပွဲရရှိနေခဲ့ခြင်းဖြစ်ပြီး လက်ရှိ၌ မက်ဆီ...