Home အားကစား/ဖျော်ဖြေရေး

အားကစား/ဖျော်ဖြေရေး

ကယန်းတိုင်းရင်းသူ ဗရော်နီကာ အငြင်းပွားဖွယ်ရာ အမှတ်ဆုံးဖြတ်ချက်ဖြင့် အရေးနိမ့်ပြီး ရှုံးပွဲကြုံ

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယနေ့ညတွင် ယှဉ်ပြိင်ခဲ့ရသော Thai Fight : King Of Muay Thai ပြိုင်ပွဲကြီး၌ ပြိုင်ဘက်ဖြစ်သူ ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖတ်ဆိုင်းကို အမှတ်ဖြင့် အရေးနိမ့်ကာ ရှုံးပွဲကြုံလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။

ဒဏ်ရာကြောင့် ဟော့ဂျ်လန်း သုံးပတ်ခန့် နားရနိုင်၊ ယနေ့ညပွဲမှစပြီး မန်ချက်စတာဒါဘီပွဲအထိ လွဲနိုင်ဟုဆို

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းသည် ကြွက်သားဒဏ်ရာရရှိထားသည့်အတွက် ယနေ့ညယှဉ်ပြိုင်ရမည့် ဖူလ်ဟမ်နှင့်ပွဲစဉ်မှစတင်ကာ မတ်လ ၃ ရက်နေ့တွင် မန်ချက်စတာဒါဘီပြိုင်ဘက် မန်စီးတီးနှင့်ကစားရမည့် မန်ချက်စတာဒါဘီပွဲစဉ်အထိ လွဲရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းသည် ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံးအဖြစ် သီတင်းပတ် နှစ်ပတ်မှ...

နွမ်ဗျူးကို ပထမပွဲချီမှာတင် ဗရော်နီကာ အနိုင်ယူပြီး ၁၇ ပွဲဆက်အနိုင်ဖြင့် စံချိန်တင်

၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် ကယန်းလက်ဝှေ့မယ် ဗရော်နီကာက ထိုင်းမွေထိုင်းလက်ဝှေ့မယ် နွမ်ဗျူးကို ပထမပွဲချီ၌ပင် အနိုင်ယူကာ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ကို တင်ရှိသွားနိုင်ခဲ့သည်။ ပြိုင်ပွဲ ၂ ခုတွင် ချန်ပီယံရွှေခါးပတ်ရရှိထားသော နွမ်ဗျူးသည်...
video

ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch ရဲ့ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ဟာ ပွဲစဉ်အမှတ် ၁၂ ဆီကို ရောက်လာခဲ့ပါပြီ။ အခုတစ်ပတ် လိဂ်ပွဲစဉ်တွေ ကစားပြီးရင်...

ယ‌နေ့ည ထိုးသတ်မည့် စိန်ခေါ်ပွဲ ဒေဝ၏ဖေ့စ်ဘွတ်ခ်နှင့် YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

ယနေ့ (နိုဝင်ဘာ ၅) မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပမည့် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝနှင့် ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရွမ်းဆမ်းနန်တို့၏ပွဲစဉ်ကို ဒေဝ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနှင့် YouTube Channel တို့က တိုက်ရိုက် Live ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်း သိရှိရသည်။

စိန်ခေါ်ပွဲ ထိုးရန် ကမ္ဘောဒီးယားနိုင်ငံရောက်လာသည့် ဒေဝ

ကမ္ဘောဒီးယားလက်ဝှေ့အကျော်အမော် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲထိုးသတ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်လာခဲ့ပြီဖြစ်သော မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝကို ကမ္ဘောဒီးယားနိုင်ငံရှိ ပရိသတ်များနှင့် မီဒီယာများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ဒေဝ(ခ)ဒေ့ဗ်လက်ဒက် သည် မြန်မာ့လက်ဝှေ့ချန်ပီယံရွှေခါးပတ်ကို မြန်မာလူမျိုး မဟုတ်သည့် နိုင်ငံခြားသားများအနက်မှနေ၍...

၁၄ ပွဲဆက်တိုက် အနိုင်ရခဲ့သည့် ဗရော်နီကာ

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယမန်နေ့က ယှဉ်ပြိုင်ခဲ့ရသည့် THAI FIGHT Super Fight ပြိုင်ပွဲ၏စိန်ခေါ်ပွဲစဉ်တွင် ပြိုင်ဘက်ဖြစ်သူ ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖယားဆင်းဂါးကို အမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းလက်ဝှေ့လောကဖြတ်သန်းမှုတွင် ၁၄ ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်မှတ်တမ်းကို ရေးထိုးသွားခဲ့ပြီဖြစ်ကြောင်း...

မန်ယူကို ဂလေဇာမိသားစု ရောင်းချတော့မည်မဟုတ်

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ၎င်းတို့မျှော်လင့်ထားသည့် ဈေးနှုန်းမျိုးကို မရရှိသည့်အတွက် အသင်းကို ရောင်းချပေးတော့မည် မဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းသွားတော့မည်သာဖြစ်ကြောင်း Daily Mail သတင်းစာက ရေးသားဖော်ပြထားသည်။ ဂလေဇာမိသားစုနှင့် ကာလရှည်ကြာ ရင်းနှီးခဲ့သူများက ယခုသတင်းကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂလေဇာမိသားစုမှာ များမကြာမီကာလအတွင်း မန်ယူကို...

ဒီည ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမယ်၊ မန်ယူအတွက် အုပ်စုကျပ်လေမလား

ဒီညမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွေ မဲခွဲပါတော့မယ်။ မှော်ဝင်ချန်ပီယံလိဂ်ညတွေ ရောက်လာတော့မယ်ဆိုတာက ဘောလုံးပရိသတ်တွေအတွက် ပြီးပြည့်စုံတဲ့ဘောလုံးကမ္ဘာကြီးဖြစ်လာတော့မယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။ ရှေ့လာမယ့်သီတင်းပတ်ကိုရောက်ရင် နိုင်ငံတကာပွဲစဉ်တွေက ကြားဝင်လာမှာဖြစ်လို့ ကလပ်ပွဲတွေ တစ်ပတ်နားပါလိမ့်မယ်။ နိုင်ငံတကာပွဲစဉ်သီတင်းပတ်ပြီးဆုံးသွားရင်တော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တို့ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ဘောလုံးလောကကြီးက...

ဒေ့ဗ်လက်ဒပ်(ဒေဝ)နှင့် ကမ္ဘာဒီးယားက ပရန်စမ်နန်တို့ အလဲထိုးစနစ်၊ တစ်ချီ ၉ မိနစ်နှုန်းနှုန်းဖြင့် နိုဝင်ဘာလ ၅ ရက်နေ့ ထိုးမည်

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဆုကို ၆ ကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ဖူးသော ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ သည် က‌မ္ဘောဒီးယား ကိုယ်ခံပညာစုံတိုက်ခိုက်ရေး အားကစားလောကတွင် လက်ရှိအကြီးကျယ်ဆုံး ကစားသမားအဖြစ် ရပ်တည်နေသူ ပရန်စမ်နန်နှင့် လာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် စိန်ခေါ်ပွဲ ထိုးသတ်တော့မည်ဖြစ်ကြောင်း သိရှိရသည်။