ကပ်ဘေးနှစ်ခုကြား ကုန်းရုန်းနေရတဲ့ ဧည့်လမ်းညွှန်တွေ

မြိတ်မြို့က ဧည့်လမ်းညွှန်လောကမှာ အတော်အသင့် နာမည်ရခဲ့တဲ့ ကိုအောင်မိုးဦးတစ်ယောက် လက်ရှိ အချိန်မှာတော့ သင်္ဘောဆိပ်၊ လှေဆိပ်တွေမှာ ကုန်တင်ကုန်ချအလုပ်ကို လုပ်ပြီး မိသားစုဝမ်းရေးအတွက် တိုက်ပွဲဝင်နေပါတယ်။ ကိုဗစ်ကပ်ဘေး စဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ ရပ်နားလိုက်တဲ့အချိန်ကစပြီး ကိုအောင်မိုးဦးဟာ ယနေ့...

မွန်ပြည်နယ် အဝင်အထွက် စစ်ဆေးမှုပိုမိုတင်းကြပ်

သင်္ကြန်ကာလ နီးကပ်လာသဖြင့် မွန်ပြည်နယ် အဝင်အထွက်နေရာများတွင် စစ်ကောင်စီက  ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်နေရာတွင် ဧပြီလဆန်းမှစတင်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံရသူများက ဆိုသည်။  ယခင်လက  စစ်ဆေးမှုမရှိဘဲ ယခုသကြင်္န်ကာလနီးလာမှသာ...

မိုးရာသီ ထားဝယ်ခရီးသွား လုပ်ငန်းအတွက် ကျွန်းအစား ရေတံခွန်ခရီးစဉ် အစားထိုး

မိုးရာသီ ထားဝယ်ဒေသခရီးသွား လုပ်ငန်းအတွက် ကျွန်းခရီးစဉ်အစား ရေတံခွန်ခရီးစဉ်များဖြင့် အစားထိုးပို့ဆောင်နေကြောင်း ထားဝယ်ခရီးသွားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ မိုးရာသီတွင် ကျွန်းများသို့ မသွားရောက်နိုင်သဖြင့် ရှင်ကိုးရှင်နှင့် သမိုင်းဝင် ဘုရားများသို့ သွားရာ လမ်းတစ်လျှောက်ရှိ ရေတံခွန်များ၊ သီးသန့်သွားရသည့် ရေတံခွန်များသို့ ပို့ဆောင်ပေးနေကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက...

တောင်တက်အသင်းမ၀င်ဘဲ ရှင်တောင့်ပုံတောင်ပေါ် ကားဆွဲသည့်ပြဿနာ တိုင်းအစိုးရထံ စာပို့မည်

သရက်ချောင်းမြို့ရှိ ရှင်တောင့်ပုံ စေတီရှိရာ တောင်ပေါ်သို့ တောင်တက်မော်တော်ယာဉ်အသင်းသို့မ၀င်ဘဲ ခရီးသည်တင်ကား ပြေးဆွဲနေခြင်းပြဿနာကို ဖြေရှင်းပေးရန် တိုင်းအစိုးရအဖွဲ့ထံ သင်္ကြန်အပြီးတွင် စာပို့အကူအညီတောင်း မည်ဖြစ်ကြောင်း ယင်းစေတီ ဂေါပက အဖွဲ့ထံမှ သိရသည်။ ရှင်တောင့်ပုံ ဂေါပကအဖွဲ့ ခွင့်ပြုချက် ဖြင့် ကားအစီးရေ ၄၀ ကျော်ပါသည့်...

ထားဝယ်တွင်အဝေးပြေးခရီးသည် တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ယခုလမှစတင် အရေးယူမည်

ထားဝယ်မြို့မှ အခြားမြို့များသို့ သွားလာနေသည့် ခရီးသည်တင်နှင့် ကုန် တင်ယာဉ်များကို ဇွန်လ ပထမပတ်မှ စတင် စစ်ဆေးနေပြီး စည်းကမ်းဖောက်ဖျက်သည့် ကားများကို အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနထံမှ သိရသည်။

ရှင်တောင့်ပုံတောင်တက်အသင်းမ၀င်ဘဲ ပြေးဆွဲသူကို မြို့နယ် ယကက အမှုဖွင့်

သရက်ချောင်းမြို့ရှိ ရှင်ကိုးရှင် စာရင်းဝင် ရှင်တောင့်ပုံစေတီ တောင်ပေါ်သို့ တောင်တက်မော်တော်ယာဉ်အသင်း မ၀င်ဘဲ ပြေးဆွဲနေသူကို မြို့နယ်ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီက(ယကက) က သရက်ချောင်းမြို့မရဲစခန်းတွင် ဧပြီလ ၉ ရက်က အမှုဖွင့်လိုက်သည်။ တောင်တက်အသင်းမ၀င်ဘဲ တောင်ပေါ်သို့ ပြေးဆွဲသည့် မဇင်မာနှင့်ရောင်းရင်းများ ခရီးသွားလုပ်ငန်းပိုင်ရှင် ဦးဇော်ဝင်းစိန်ကို တနင်္သာရီတိုင်းပုဂ္ဂလိကယာဉ်များပြေးဆွဲ ရေးဥပဒေ...

ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေး ကျပ်တစ်သိန်းကျော်အထိ မြင့်တက်

သင်္ကြန်အချိန် နီးလာသည်နှင့်အမျှ လေယာဉ်လက်မှတ်ဈေးနှုန်းလည်း တဖြေးဖြေး မြင့်တက်လာနေကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချနေသည့်ဆိုင်အချို့နှင့် ခရီးသည်အချို့ထံမှ သိရသည်။ မတ်လကုန်ပိုင်းက ထားဝယ် - ရန်ကုန် ခရီးစဉ်အတွက် ကျပ်ခုနစ်သောင်းငါး‌ထောင်ဝန်းကျင် ရှိနေရာမှ ဧပြီလ ဒုတိယအပတ်တွင်မူ အနိမ့်ဆုံး...

ထားဝယ်အဝေးပြေးကွင်း အသစ်ဆောက်ရန် မြေနေရာ မရှိ

ထားဝယ်မြို့တွင် အဝေးပြေးယာဉ် ရပ်နားစခန်းအသစ်ဆောက်ရန် မြေနေရာ မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ အဝေးပြေးယာဉ်ရပ်နားစခန်း အသစ်အတွက် မြေနေရာရရှိပြီးမှသာ ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိတွင် ဆောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း ၎င်းက ဖြေဆိုသည်။

မြိတ်-ကျွန်းစု အမြန်ရေယာဉ် စီးသူခေါက်ချိုးလျော့ကျပြီး ကုန်တင်လှေစီးသူများလာ

ငွေကြေးကျပ်တည်းလာသဖြင့် ကျွန်းစု-မြိတ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်စီးသူ ခရီးသည် ခေါက်ချိုးလျော့နည်းလာပြီး ကုန်တင်စက်လှေစီးနင်းသူပိုများလာကြောင်း အမြန်ရေယာဉ်ပိုင်ရှင်အချို့နှင့် ခရီးသည်များကို မေးမြန်းချက်အရ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်အလှည့်ကျ ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၃ စီးနှင့် ကုန်တင်စက်လှေ နှစ်စီးရှိရာ...

မြိတ် – ကျွန်းစု အမြန်ယာဉ်ခ တိုးကောက်ခွင့်မပြု

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်ခနှုန်းထား တိုးကောက် မည့်အစီအစဉ်ကို ခွင့်မပြုကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အမြန်ရေယာဉ်များအရှုံးပေါ်နေ သည်ဟုဆိုကာ ဇွန်လ ၂၀ ရက်မှ စတင်၍ ခရီးသည်တစ်ဦးလျှင် လေးရာကျပ် တိုးကောက်မည်ဖြစ်ကြောင်း အမြန်ယာဉ်အသင်းက ကြေညာခဲ့သည်။