ပုံကျွန်းရပ်ကွက်ရှိ မဲရုံ

အသက်မပြည့်သေးသူနှစ်ဦးက တခြားသူအစား ကိုယ်စားမဲပေး

ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲလာပေးသူနှစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။ ဒေါင်းငူရပ်ကွက်နှင့် ပုံကျွန်းရပ်ကွက်ရှိ မဲရုံတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနေစဉ် မဲရုံတာဝန်ရှိသူများက သိရှိခဲ့ခြင်းဖြစ်သည်။ “အမှုဖွင့်လိုက်ပြီ...
မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမားများ

မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမား ၄၀ နီးပါး မဲပေးခွင့်မရ

“မဲမပေးရတာကို စိတ်မကောင်း ဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့” ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြိတ်မြို့ငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် ငါးဖမ်းပိုက်ဖာသည့် အလုပ်သမားများ ၄၀ ဝန်းကျင်မှာ...
ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံ

သူစိမ်းနှစ်ဦးမဲရုံရှေ့လာကြည့်သဖြင့် စစ်ဆေး‌ရာ တပ်မတော်သားများဖြစ်နေ

ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံသို့ ယနေ့နံနက်ပိုင်းက အမည်မသိလူစိမ်းနှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာသဖြင့် စစ်ဆေးကြည့်ရာ တပ်မတော်သားများဖြစ်နေကြာင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။ အရပ်ဝတ်ဖြင့်ရောက်လာသော ၎င်းနှစ်ဦးအား မှတ်ပုံတင်၊ နေရပ်လိပ်စာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကိုလတ်က...
NLD ကိုယ်စားလှယ်​လောင်းအား မဲမ​ပေး​ရန် ​စာကပ်ထားသည်များ

NLD ကိုယ်စားလှယ်လောင်းအား မဲမပေးရန် စာကပ်ထားသည်များ တွေ့ရှိ၊ ရဲတပ်ဖွဲ့က ဖယ်ရှား

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းအား မဲမပေးရေး လှုံ့ဆော်ပိုစတာများကို ယနေ့နံနက်အစောပိုင်းက ကပ်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါရပ်ကွက်အတွင်း အနည်းဆုံးနေရာ သုံးခုတွင် ကပ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း ပိန္နဲတောရပ်ကွက်အုပ်ချုပ်ရေးမှူး...
မဲ​ပေးရန် မနက် ၅ နာရီကတည်းက ​စောင့်

မဲပေးရန် မနက် ၅ နာရီကတည်းက စောင့်

မော်လမြိုင်၊ မုပွန်ရပ်ကွက် မဲရုံအမှတ် ၂ တွင် မဲရုံမဖွင့်မီ နံနက် ၅ နာရီ ဝန်းကျင်ကတည်းက စောင့်ဆိုင်းတန်းစီနေခဲ့ကြသည်ကို တွေ့ရသည်။ ယခုမဲရုံတွင် ရေတပ်၊ တပ်ငွေစာရင်း၊ ရဲ စသည့် မဲဆန္ဒရှင်များ အပါအဝင်...
တပ်မတော်ချစ်သူများအဖွဲ့

လော့ဒေါင်းချခံထားရသည့် မိသားစုများအား ထမင်းဟင်း လာရောက်လှူဒါန်းပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်

မြိတ်မြို့ရှိ လော့ဒေါင်းချထားသည့် မိသားစုများသို့ တပ်မတော်ချစ်သူများ ဆိုသည့်အဖွဲ့မှ ထမင်းဟင်းများလာလှူပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် ရာအိမ်မှူးထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ ချမ်းမြေ့သာယာရပ်ကွက်နှင့် အင်းလေးမြိုင်(၃)ရပ်ကွက်ရှိ လော့ဒေါင်းချထားခြင်း...
Dawei Watch, Dawei News, Dawei News Media

ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး

ထားဝယ်မြို့ရှိ ကညုံရပ်ကွက်တွင် ကြိုတင်မဲပေးရာ၌ မဲလက်မှတ်မှားယွင်းမှုအပေါ် မည်ကဲ့သို့ဆုံးဖြတ်မည်ကို အဖြေမထွက်သေးကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။ အဆိုပါရပ်ကွက်တွင် တိုင်းဒေသကြီးလွှတ်တော်အတွက်ဆန္ဒမဲပေးရာတွင် ရပ်ကျေးကော်မရှင်က တိုင်းရင်း သားဆန္ဒမဲလက်မှတ်များ မှားယွင်း ထုတ်ပေးမိခြင်းဖြစ်သည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့်...
Dawei Watch, Dawei News, Dawei News Media

လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။
Dawei Watch, Dawei News, Dawei News Media

မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ

မွန်ပြည်နယ်တစ်ခုလုံးတွင်အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင်က လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အားလုံးကို ကြိုတင်မဲပေးရန် ကော်မရှင်က ခွင့်ပြုထားသည်။ ၎င်းတို့မှာ...