video

တနင်္သာရီတွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာတဲ့အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။

ရွေးကောက်ပွဲ လေ့လာလိုသူများ လျှောက်နိုင်ပြီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာပြီးနောက် ပြည်တွင်း၊ ပြည်ပ မှ ရွေးကောက်ပွဲကို လေ့လာမည့်သူများ အနေဖြင့် ဇူလိုင်လ ၇ ရက်မှ စပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

နိုင်ငံရေးပါတီများ စည်းရုံးရေးကာလနှင့် ကိုဗစ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်တွင် တစ်နိုင်ငံလုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယခုလအတွင်း တရားဝင်ကြေညာလိုက်သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ အားလုံးသည်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့...

တိုင်းအတွင်း မသန်စွမ်း မဲဆန္ဒရှင် နှစ်ထောင်ခန့်ရှိ

လာမည့်ရွေးကောက်ပွဲတွင် တိုင်းအတွင်း မသန်စွမ်းမဲဆန္ဒရှင် နှစ်ထောင့် တစ်ရာခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးထံမှ သိရသည်။ တိုင်းအတွင်းရှိ မသန်စွမ်းမဲဆန္ဒရှင်များတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၁၀ဝ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ဝ ဦးခန့်၊ အပြောအကြား မသန်စွမ်းသူ...

မွန် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်မည်

မွန်ပြည်နယ်တွင် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်ရန် အဆိုပြုလွှာတင်ထားကြောင်း သိရသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၂ ဦးရှိပြီး NLDပါတီ ကိုယ်စားပြု ၁၀...

မွန်ညီညွတ်ရေးပါတီ ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။ မွန်ပါတီများသည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင်...

တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ် အားလုံးဝင်ပြိုင်ရန် ပြည်သူ့ရှေ့ဆောင်ပါတီ ရည်မှန်းထားဟုဆို

ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါပါတီ၏ တနင်္သာရီတိုင်းတာဝန်ခံ ဦးတင်မောင်ညီက ပြော သည်။ လက်ရှိတွင် PPP ပါတီအနေဖြင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊...
video

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲနှင့် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌ

နောက်ရွေးကောက်ပွဲမှာ တိုင်းလွှတ်တော်ဥက္ကဌက ဘယ်မဲဆန္ဒနယ်ကနေ ဝင်အရွေးခံဖို့ လျှောက်ထားလဲ။ လွှတ်တော်က ဘယ်လိုအချက်တွေကို ဆောင်ရွက်နိုင်ခဲ့လဲ။အားရတဲ့အချက်နဲ့ အားမရတဲ့အချက်တွေ။ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ ဘယ်လိုပြင်တင်ထားသင့်လဲ။ နောက်အစိုးရအဖွဲ့ဝင်ဖြစ်လာမယ့်သူတွေက ဘယ်လိုမျိုးအချက်တွေနဲ့ ပြည့်စုံရမလဲဆိုတာတွေကို Dawei Watchက မေးမြန်းတင်ဆက်ထားပါတယ်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက် ပွဲဝင်မည်

၂၀၂၀ ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ ၎င်းအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်၊ထားဝယ်မြို့နယ်မဲန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု ဆိုသည်။

၀န်ကြီးချုပ်ဦးမြင့်မောင် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်မည်

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း လျှောက်မည်ဖြစ်ကြောင်း ပြောသည်။ ၎င်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တွင် လျှောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။