ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစိုးရအဖွဲ့ဝင်ဟောင်းအများစု ပြန်ပါ

မဲဆန္ဒနယ်တစ်ဝက် အနိုင်ရရန် မျှော်မှန်းထားဟုဆို လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ဝန်ကြီးဟောင်း ခုနစ်ဦးအထိ ပြန်ပါလာသည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က တိုင်းဒေသကြီး...

တိုင်းအစိုးရအား ပိုထိန်းကျောင်းနိုင်ရန် တိုင်းလွှတ်တော်အတွက် အဓိကဝင်ပြိုင်ခြင်းဖြစ်ဟု ထားဝယ်ပါတီဆို

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားပြီး ယင်းသို့ ရွေးချယ်ရခြင်းမှာ တိုင်းအစိုးရအား ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းစေရန်ဆိုသည့် အချက်တစ်ခုလည်း အပါအဝင်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ...

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ...

ကော့သောင်း လွှတ်တော်ကိုယ်စားလှယ်လေးဦး ပြန်မပါတော့

၂၀၂၀ ရွေးကောက်ပွဲတွင် ကော့သောင်းခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦး ပြန်မပါတော့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)၏ ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်ချက်အရ လက်ရှိလွှတ်တော် ကိုယ်စားလှယ်လေးဦး ပြန်မပါတော့ခြင်းဖြစ်သည်။ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်...

တိုင်းလွှတ်တော်ဥက္ကဋ္ဌ အခြား မသွားပါ

ဦးခင်မောင်အေး ပြန်မပါလာခြင်း ဗဟိုက ရွေးချယ်မှု ဟုဆို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ NLDပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းတွင် မပါသော်လည်း အခြားပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအနေနှင့် ရွေးကောက်ပွဲဝင်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး...

တိုင်းအတွင်း မြို့ ၆ မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ဝင်မည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် မြို့ခြောက်မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ရန် လျာထားကြောင်း ယင်းပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။ အဆိုပါ မြို့စာရင်းသည် ကနဦး...

လာမည့်ရွေးကောက်ပွဲ ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတစ်ထောင်ကျော် ရွေးချယ်ခန့်အပ်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရွေးကောက်ပွဲတွင် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်း တာဝန်ပေးနိုင်ရန် လုပ်ဆောင်နေပြီး လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းအလိုက်...

၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်း မဲဆန္ဒရှင်စာရင်း မကြာမီ ကြေညာမည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC က ထုတ်ပြန်ထားပြီး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ကြေညာတော့မည် ဖြစ်သည်။
video

မသန်စွမ်းမဲဆန္ဒရှင်များအတွက် စံပြမဲရုံများ သီးခြားထား/မထား

တနင်္သာရီတိုင်းမှာ မသန်စွမ်းမဲဆန္ဒရှင် ၂၁၀၀ ခန့် ရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မသန်စွမ်းမဲဆန္ဒရှင်များကို အကြိုအပို့ အစီအစဉ်တွေ ပြုလုပ်ပေးမယ်ဆိုရင် နေရာတစ်ခုကို သီးခြားသတ်မှတ်ပြီး စံပြမဲရုံများ ထားရှိပေးသွားမယ်လို့ ဦးထိန်လင်းဦးက ပြောပါတယ်။