လောင်းလုံးက နေအိမ်မီးရှို့ခံရသူများ

စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်မီးရှို့ခဲ့တဲ့ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြပုံတွေကို (ယခုလ ဒုတိယပတ်မှာ) ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တပို့တွဲလပြည့် ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲ

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် နှင့် လောင်းလုံးမြို့နယ် တို့တွင် ယနေ့(ဖေဖော်ဝါရီ၂၄) တပို့တွဲ့လပြည့်ည ၌ ပြုလုပ်သည့် ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပသည့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။ လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာတွင် ကိုဗစ်ကာလနောက်ပိုင်းရပ်နားထားသည့် ဘုရားမီးကမ်ပွဲကို...

ခြောက်ကပ်နေသည့် ရှင်မော်စေတီ

အာဏာမသိမ်းမီက နေ့စဉ်ဘုရားဖူးထောင်ချီဖြင့် စည်ကားနေတတ်သည့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်စေတီ၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မြင်ကွင်းများဖြစ်သည်။ ရှင်မော်တောင်သို့တက်သည့် လမ်းဘေးဝဲယာတွင် ခြုံထူနေပြီး တံတားတစ်စင်းမှာလည်း ဆွေးမြေ့လျက်ရှိသည်။ ဈေးဆိုင်တန်းမှာ သော့ခတ်လျှက်သား ဖုံတက်နေပြီး၊...

ကျောက်တော်မြို့ကို သိမ်းယူထိန်းချုပ်ထားသည့် AA

ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားသည့် ဓာတ်ပုံမှတ်တမ်းများကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄) ၊ ခမရ (၃၇၅)...

ထိုင်းတောင်ပိုင်းက မြန်မာစာသင်‌ကျောင်း၏ ပညာရေးစုံညီပွဲ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဘန်ကူးရပ်ကွက်ရှိ မေတ္တာရိပ် မြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်(ယနေ့)ညက  ပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းတွင် ကျောင်းသားဦးရေ ၈၀၀ ကျော်ရှိပြီး စူရတ်ဌာနီခရိုင်အတွင်း ကျောင်းသားဦးရေ အများဆုံး ပညာသင်ယူနေသည့် ကျောင်းလည်းဖြစ်သည်။

မြန်မာပြည်အတွက် လူထုတေးသံ

စစ်အာဏာသိမ်းမှု ၃ နှစ်ရှိလာသော်လည်း မြန်မာပြည်သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံသားများနှင့်အတူ မြန်မာပြည်အတွက် လူထုတေးသံ အစီအစဉ်ကို ကျင်းပခဲ့သည်။ ယင်းအစီအစဉ်ကို ဘန်ကောက်မြို့ lido connect ခန်းမတွင် ယနေ့ညနေ ၄...

ကလိန်အောင် ဆံတော်ရှင်တောင်ပေါ်က တိမ်ပင်လယ်

ရှင်ကိုးရှင် စာရင်းဝင် ကလိန်အောင်မြို့ ဆံတော်ရှင်(ရှင်ဆံတော်) တောင်ပေါ်ရဲ့ မနက် ၈ နာရီခွဲဝန်းကျင် တိမ်ပင်လယ်မြင်ကွင်းကို ဖော်ပြလိုက်ပါတယ်။ ကိုဗစ်မတိုင်မီကာလက ဆောင်းရာသီ မနက်ခင်းတွေမှာ ကလိန်အောင်မြို့အနီးတစ်ဝိုက်က မြို့ခံတွေနဲ့ ထားဝယ်ဒေသခံက ဘုရားဖူးတွေ တိမ်ပင်လယ်ကြည့်ရင်း နေဆာလှုံကြဖို့...

မြန်မာသံရုံးရှေ့က Milk Tea သပိတ်

မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသားများ ရပ်တည်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် Milk Tea သပိတ်ကို ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီး ၃ နှစ်ပြည့်သည့် ယ​နေ့(​ဖေ​ဖော်ဝါရီ ၁) ည​နေပိုင်းတွင် ယင်းသပိတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“နီတဲ့သွေးရက်သတ္တပတ်”ကို စတင်ဖော်ဆောင်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

"နီတဲ့သွေး ရက်သတ္တပတ်" အဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၏ ပထမရက်သတ္တပတ်ကို သတ်မှတ်ပြီး တိုက်ပွဲများဖော်ဆောင်ကြရန် မြို့ပြတော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်သည့် နေ့ဖြစ်သကဲ့သို့...

အသံတိတ်သပိတ်နေ့ မနက်ပိုင်း ထားဝယ်မြို့တွင်းမြင်ကွင်း

အသံတိတ်သပိတ်ပြုလုပ်ရန် နှိုးဆော်ထားသည့် ဖေဖော်ဝါရီလ ၁ ရက်၊ မနက်၁၀နာရီခွဲနောက်ပိုင်းတွင် ထားဝယ်မြို့ ၊ လမ်းဆုံလမ်းခွများ နှင့် အဓိကလမ်းမများ၏ မြင်ကွင်းများကို ​ဖော်ပြလိုက်ပါသည်။