မြိတ်ကအလှူပွဲမြင်ကွင်း

ကိုဗစ်နိုင်တင်း ကပ်ဘေးနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခများကြောင့် ကျင်းပနိုင်ခြင်း မရှိသည့် ဘုံကထိန်ပွဲ၊ ရှင်ပြုပွဲများကို မြိတ်မြို့တွင် ပြန်လည်ကျင်းပနေပြီဖြစ်သည်။ တနင်္သာရီတိုင်းတွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများမှာ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။

ညောပြင်ကျေးရွာ မီးရှို့ခံရ

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ယနေ့(မတ် ၂၁) နေ့လယ် ၁၂ နာရီခန့်တွင် နေအိမ်များကိုမီးရှို့ခဲ့သည်။ မီးလောင်ပျက်စီးသွားသည့်နေအိမ် မည်မျှရှိသည်ကို လတ်တလောမသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပင်လယ်မှငါးဖမ်းပြန်လာသည့်...

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန် UFC ပထမဆုံးပွဲကို အနိုင်ရရှိ

ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရခဲ့သည့် ပွဲစဉ်ကို အနိုင်ရလဒ်ဖြင့် အစပြုလိုက်နိုင်ပြီဖြစ်သည်။ ဂျိုရွှာဗန်သည် မြန်မာပြည်ဖွားများအနက်မှနေ၍ UFC ကို ပထမဆုံး ထိုးသတ်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားပြီး One Championship ကြယ်ပွင့် ကချင်တိုင်းရင်းသား...

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။

တော်လှန်ရေးနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး “‌တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်ဝါဒ အပြီးတိုက်ဖျက်” ဘန်နာကို ကိုင်စွဲ၍ မတ်လ ၂၇ ရက်(တော်လှန်ရေးနေ့)နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ဓာတ်ပုံ - DDMSC

ထားဝယ်တန်ဆောင်တိုင်ည

ယနေ့ နိုဝင်ဘာလ ၆ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းမြင်ကွင်း ထားဝယ်မြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်မဖြစ်တာ ဒီနှစ်ပါဆို ၃ နှစ်ရှိပါပြီ။ ယခုနှစ်တွင်...

ထောင်ဝင်စာပါဆယ် ပြန်လည်ပို့ခွင့်ပြုသည့် ပထမဆုံးရက်မြင်ကွင်း

ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ပင်ထားရာမှ ၁၃ ရက်အကြာတွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ရာ ထောင်ဝင်စာလာပို့ရန်အတွက် လာရောက်စောင့်ဆိုင်းနေသည့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များကို ထားဝယ်အကျဉ်းထောင်ရှေ့တွင် ယနေ့နံနက်က မြင်တွေ့ရစဉ်။ ထောင်ဝင်စာပါဆယ်ပစ္စည်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီသာ လက်ခံမည် ဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်၏ ကြေညာချက်တွင်...

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့မြင်ကွင်း

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ပေါ်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းက မြင်ကွင်းများ ဖြစ်သည်။ ဝါဆိုလပြည့်နေ့ ထားဝယ်မြို့မြင်ကွင်း

မြဝတီ-မဲဆောက်တံတားဖွင့်ပြီ

ကိုဗစ်ကပ်ဘေးကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယနေ့မနက် ၇ နာရီအချိန်ခန့်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃...

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများကို တွေ့မြင်ရစဉ်။ အမျိုးသမီးအကျဉ်းသားများအတွက် ကားများစီစဉ်ပေးထားသည်ဟုလည်း ကနဦးသိရှိရသည်။ လွတ်မြောက်မည့် စာရင်းအရ ၃၆ ဦးရှိသော်လည်း ၂ ဦးမှာလွတ်ရန် မသေချာဖြစ်နေသဖြင့် ၃၄ ဦးသာလွတ်ဖွယ်ရှိကြောင်း...