မြဝတီ-မဲဆောက်တံတားဖွင့်ပြီ

ကိုဗစ်ကပ်ဘေးကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယနေ့မနက် ၇ နာရီအချိန်ခန့်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃...

အာဏာသိမ်းပြီး ၂ နှစ်နီးပါးအကြာ မောင်းမကန်ကမ်းခြေ

အမြဲတမ်းစည်ကားနေလေ့ရှိသည့် မောင်းမကန်ကမ်းခြေမှာ စစ်အာဏာသိမ်းမှုနှင့်အတူ လူသူအရောက်အပေါက် နည်းပါးလျက်ရှိသည်။ ယခင်က ပွင့်လင်းရာသီတွင် ခရီးသွားများဖြင့် ပြည့်နေလေ့ရှိသော်လည်း လက်ရှိတွင်မူ တနင်္ဂနွေနေ့ကဲ့သို့ အားလပ်ရက်တွင်ပင် လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေသည်။ စစ်အာဏာသိမ်းဂယက်က ထားဝယ်ဒေသရှိ...

‘လွတ်လပ်ပြီးသား ငါတို့တိုင်းပြည် မလွတ်လပ်သေးတဲ့ ဒို့လူထုတွေ’

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၈)ညတွင် ‘လွတ်လပ်ပြီးသား ငါတို့တိုင်းပြည် မလွတ်လပ်သေးတဲ့ ဒို့လူထုတွေ’ ဆိုသည့် ခေါင်းစဉ်ဖြင့် ညသပိတ်ပြုလုပ်ခဲ့ကြသည်။

စစ်တလင်းဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ အခုတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို ခမ်းခမ်းနားနား ကျင်းပပေးနိုင်တဲ့အဆင့်ဆီ ရောက်သွားပါပြီ

စစ်တလင်းမြေပြင်ဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ လက်ရှိမှာတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် ခမ်းခမ်းနားနား လက်ခံကျင်းပပေးနိုင်တဲ့နိုင်ငံအဆင့်ဆီကို ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အီရတ်ဟာ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခွင့်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မနေ့တုန်းက ခမ်းခမ်းနားနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

ထားဝယ်ထောင်က လွတ်လာသူများ

ထားဝယ်အကျဉ်းထောင်က လွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားများ ယနေ့ ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၁နာရီဝန်းကျင်က လွတ်မြောက်လာသည်ကို တွေ့ရခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးရာ တနင်္သာရီတိုင်းက ၂၅၃...

တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် စတေကာ လာရောက်တပ်ဆင်သူ များပြားနေ

ဆိုင်ကယ်နှင့် ပတ်သက်၍ အထောက်အထားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူနေချိန် မီးသတ် အရေးပေါ်ဖုန်းနံပါတ် ၁၉၁ စတေကာ မတပ်လျှင် ငွေဒဏ် ကျပ်ငါးသောင်း ဒဏ်ရိုက်မည်ဆိုသည့် ကောလာဟလကြောင့် တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် စတေကာ လာရောက်တပ်ဆင်သူ များပြားနေသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရခြင်းဖြစ်သည်။

ပလမြို့ ဝါးဇွမ်းအုပ်ကျေးရွာတွင် ယနေ့ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်းများ

ပုလောမြို့နယ် ပလမြို့ ဝါးဇွမ်းအုပ်ကျေးရွာတွင် ယနေ့ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်းများ ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်တွင် ရွာသူ၊ ရွာသာများစုပေါင်းစားသောက်ပွဲ၊ ဖျော်ဖြေရေးနှင့် အားကစားပွဲ‌များကို ထည့်သွင်းကျင်းပနေသည်။ တနင်္သာရီတိုင်းရှိ ဒေသအသီးသီးက ကရင်တိုင်းရင်းသားများလည်း...

စားအုန်းဆီ သက်သက်သာသာရဖို့ အလုအယက် ဝယ်ကြရ

ထားဝယ်မြို့တွင် စားအုန်းဆီ တစ်ပိသာ ၄၆၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသောကြောင့် ဒေသခံပြည်သူများလာရောက် ဝယ်ယူလျက်ရှိသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ကမြင်တွေ့ရစဉ်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ရောင်းချခြင်းဖြစ်ပြီး ပြင်ပစျေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၇၅၀၀ ဝန်းကျင်ခန့်ရှိသည်။