လောင်းလုံးတွင် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့်ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း “ဖက်ဆစ်ရွေးရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာကိုင်စွဲ၍ လူထုလှုပ်ရှားမှု ဖေဖော်ဝါရီ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည်။ဓာတ်ပုံ - DDMSC

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးမြင်ကွင်း

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။

တနင်္သာရီမြို့နယ်တွင် အမျိုးသမီးများစုပေါင်း ပြုလုပ်သည့် ပန်းသပိတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈နှစ်​မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပန်းသပိတ် ပြုလုပ်ကြသည်။ အမျိုးသမီးများ စုပေါင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အမျိုးသားအချို့လည်း ပါဝင်ခဲ့ကြသည်။

ဝမ်းတစ်ထွာအတွက် နွေနေပူကို အန်တုနေရသူများ

မြန်မာနိုင်ငံတဝန်း အလွန်ပူအိုက်သော နွေရာသီကာလကိုဖြတ်သန်းနေကြရသည်။ အပူဒဏ်ပြင်းလွန်းသဖြင့် နေပူကို ရှောင်ရှားကာ နေအိမ်၊ အရိပ်အာဝါသအောက်တို့တွင် ခိုလုံနေထိုင်ကြချိန် ဖြစ်သည်။ နေအိမ်ထဲတွင် နေလျှင်ပင် ပူအိုက်သည့်ဒဏ်ကို ခံစားနေကြရသည်။ သို့သော် အခြေခံလူတန်းစာများအတွက်မူ...

ထားဝယ်မြို့ သင်္ကြန်ပွဲတော်ကျင်းပရန် လုပ်ဆောင်နေမှုများ

မကြာမီ ကျရောက်တော့မည့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရေး စစ်ကောင်စီက အားခဲလုပ်ဆောင်နေပြီး ထားဝယ်မြို့ထဲတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေသည်ကို ဧပြီလ ၅ ရက်နေ့က တွေ့မြင်ရစဉ်။ ယခုနှစ်တွင် ထားဝယ်မြို့တွင်းတွင် သင်္ကြန်မဏ္ဍပ်သုံး‌ခုနှင့် မြို့ပြင်မှာတစ်ခု စုစုပေါင်း...

ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ ရန်ပုံငွေဘောလုံးပွဲကျင်းပ

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ (ဇွန် ၁၉) ည ၇ နာရီအချိန်ခန့်တွင် စတင် ကျင်းပခဲ့သည်။ ဘောလုံးပွဲမကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအတ္ထုပတ္ထိကို...

လောင်းလုံးတွင် နှင်းဆီရောင်အမျိုးသမီးထု သပိတ်ပြုလုပ်Dawes Watch၊ ဖေဖော်ဝါရီ ၂၆

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒေသခံအမျိုးသမီးများနှင့် လူငယ်အများအပြား ပူးပေါင်းပါဝင်မှုနှင့်အတူ နှင်းဆီရောင်အမျိုးသမီးထု သပိတ်လှုပ်ရှားမှု ယနေ့ ပြုလုပ်ခဲ့သည်။