ရှစ်လေးလုံးအထိမ်းအမှတ် သရက်ချောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

ရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်နေ့တွင် သရက်ချောင်းမြို့နယ်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ယနေ့ ပြုလုပ်ကြသည်။ ‘၈၈၈၈ စိတ်ဓာတ်ကိုင်စွဲ လူထုတော်လှန်ရေးဆင်နွှဲ’ ဘန်နာကိုင်ဆောင်ကာ သပိတ်လုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ် ထုတ်ကုန်များကို သပိတ်မှောက်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

လောင်းလုံးတွင် ရှစ်လေးလုံး အထိမ်းအမှတ် လူထုသပိတ်ပြုလုပ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ခဲ့သည်။ ‘၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ’ စာသားပါ ဘန်နာကိုင်ဆွဲ၍ ချီတက်ခဲ့ကြပြီး...

ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်း ရေပြန်ကျသော်လည်း ရပ်ကွက်များတွင် ရေကြီးနေဆဲ

ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်းတွင် ယနေ့နံနက်မှစတင်ကာ ရေပြန်ကျပြီဖြစ်၍ ကားများဖြတ်သန်းသွားလာ နေကြပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနေဆဲဖြစ်သည်။ “ပိတ်မိနေတဲ့ ခရီးသည်တင်ယာဥ်တွေ ၊အိမ်စီးကားတွေအကုန် ဖြတ်လာနေကြပြီ၊ မြို့ထဲလမ်းမပေါ်မှာတော့ ရေမရှိတော့ဘူး၊ ရပ်ကွက်တွေမှာတော့ ရေဝပ်နေသေးတယ် “ ဟု...

သံဃာတော်များ ဝါဆိုဝါကပ်ပြုတော်မူ

ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက် ယနေ့ ဩဂုတ် ၂ ရက်တွင် သံဃာတော်များ ဝါဆိုဝါကပ်တော်မူပြီဖြစ်သည်။ ရေဖြူမြို့နယ်တွင် ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ စခန်းကြီးသုဓမ္မာ ပါဝါရဏာဂိုဏ်း၊ ဟိန်းဇဲ သုဓမ္မာ ပါဝါရဏာဂိုဏ်း စသည့် သံဃဂိုဏ်း သုံးခု၏...

ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် Pheu Thai ပါတီရုံခန်းရှေ့ ဆန္ဒပြမှုဖြစ်

ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းပြီး Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာပြီးနောက် Pheu Thai ပါတီရုံးခန်းရှေ့တွင် ဆန္ဒပြမှုဖြစ်ပွားနေခြင်းဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့ ဖျက်သိမ်းခဲ့သဖြင့် Move Forward ပါတီသည် အတိုက်အခံပါတီအဖြစ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း...

မြိတ်မြို့ကမ္ဘာလုံးစေတီ၏ ဝါဆိုလပြည့်နေ့မြင်ကွင်း

မြိတ်မြို့ရှိ ကမ္ဘာလုံးစေတီသို့ လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့(သြဂုတ်လ ၁ ရက်)တွင် တွေ့မြင်ရစဉ်။ ကမ္ဘာလုံးစေတီသည် မြိတ်-ကျွဲကူး ကားလမ်းမပေါ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာတွင် တည်ရှိပြီး ထင်ရှားသော စေတီတစ်ဆူဖြစ်သည်။

ကော့သောင်းအကျဉ်းထောင်မှ အယောက် ၄၀ ပြန်လွတ်

စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း အယောက် ၄၀ ပြန်လွတ်လာကြောင်း သိရှိရသည်။

ထားဝယ်အကျဉ်းထောင်မှ ပြန်လွတ်သူများ

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများ ယနေ့ညနေပိုင်းက ပြန်လွတ်လာကြသည်ကို တွေ့မြင်ရစဉ်။ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်၏ ထုတ်ပြန်ချက်အရ အပြစ်ဒဏ်မှလွတ်ခါနီး ၆ လအောက်သာ ကျန်တော့သည့် အကျဉ်းသား/သူ စုစုပေါင်း ၃၀ ကျော်...

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးမြင်ကွင်း

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။