လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများ

လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ရှိနေခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော လေးသွန်းခံရွာမှ...

တောင်ပျောက်တိုက်နယ်တွင် ရိုးရာနတ်ပွဲကျင်းပ

နတ်ပွဲကျင်းပသည့်အချိန် ရောက်လာသည့်နှင့်အညီ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာတွင်လည်း ရွာရှင်နတ်ပူဇော်ပွဲကို ယနေ့ကျင်းပခဲ့ကြသည်။ အာဏာမသိမ်းခင်က စည်းစည်းကားကားကျင်းပလေ့ ရှိသော်လည်း ယခုတွင်တော့ အကျဉ်းချုံးသာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထားဝယ်တွင် ဒေသခံပန်းချီဆရာများ၏ ပန်းချီပြပွဲ ပြုလုပ်

ထားဝယ်မြို့၊ လှိုင်းခတ်သံပန်းချီပြခန်းတွင် ဒေသခံပန်းချီဆရာ ၈ ဦး၏ ပန်းချီပြပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်တာ ကျင်းပနေသည်။ ပြပွဲတွင် ပန်းချီကားရောင်းချခြင်းနှင့်အတူ လက်တွေ့ပန်းချီ ရေးဆွဲပြခြင်းများလည်း ထည့်သွင်းပြုလုပ်နေသည်။

မဲ​ဆောက်တွင် ဂီတ​ဖျော်​ဖြေပွဲ ကျင်းပ

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၉ ရက်၊ ညက ပြည်တွင်း၊ ပြည်ပ နှင့် နယ်စပ်ဒေသရှိ ကရင်​တေးသံရှင်များစွာပါဝင်သည့် Karen Music Festival တေးဂီတ ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။

ထားဝယ်တွင် ကျောင်းသားများစုပေါင်း၍ အမျိုးသားနေ့အခမ်းအနား ကျင်းပ

၁၀၃နှစ်မြောက် အမျိုးသားနေ့အခမ်းအနားကို ဘဝသစ်ပြည်သူ့အခြေပြုပညာရေးကျောင်း နှင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေး သင်တန်းပေး

တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေအတွင်း၌ လေကြောင်းအန္တရာယ် ကာကွယ်ရေးသင်တန်းများ ပြုလုပ်နေသည်ကိုတွေ့ရစဉ်။

လောင်းလုံးတွင် သပိတ်လှုပ်ရှားမှု ပြုလုပ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ​လောင်းလုံးမြို့နယ်တွင် ယ​နေ့ပြုလုပ်ခဲ့သည်။ 'အာဏာရှင်စနစ် အဆုံးသတ်က၊ လူထုသာလျှင် အဓိက' စာသားပါဘန်နာကိုင်ကာ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း ချီတက်ခဲ့ကြသည်။

လောင်းလုံးဘုရားလှည့်ပွဲ

‌လောင်းလုံးမြို့ ဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ) နံနက်စောစောမှစကာ မြို့အတွင်းလှည့်လည် အပူဇော်ခံနေသည်။ အဆိုပါဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပခဲ့ပြီး ထားဝယ်မြို့ပေါ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲထက် တစ်ရက်နောက်ကျပြီး ကျင်းပလေ့ရှိသည်။ ဘုရားလှည့်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့အတွင်း...

စိုးရိမ်မှုများကြားက ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ

ထားဝယ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ ၂၆)နံနက်ပိုင်းမှစတင်ကာ အပူဇော်ခံ လှည့်လည်နေပြီဖြစ်သည်။ ဒေသတွင်းအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ ပုံမှန်အားဖြင့် ညဘက်တွင်ကျင်းပကြသော်လည်း ယခုနှစ်တွင် နံနက်ပိုင်းသို့ပြောင်းရွှေ့ ကျင်းပနေခြင်းဖြစ်သည်။ ယနေ့ဘုရားလှည့်ပွဲမတိုင်ခင် နံနက်...

ထန်းရည်ချိုရာသီ

ထန်းပင်လေးများနှင့် ထားဝယ်မြို့ ကျန်းမာရေးလမ်း(လမ်းမသစ်)တွင် ဆောင်းရာသီ၏ အအေးဓာတ်နှင့်အတူ လမ်းလျှောက်သူ၊ စက်ဘီးစီးသူအချို့နှင့်အတူ ထန်းရည်ဆိုင်လေးများကို တွေ့မြင်နေရသည်။ အာဏာမသိမ်းမီကဆိုလျှင် နံနက်စောစောအချိန်ကတည်းက အဆိုပါလမ်းတွင် ကျန်းမာရေးလုပ်သူများဖြင့် စည်ကားလေ့ရှိသော်လည်း လက်ရှိအချိန်တွင်မူ အနည်းအကျဉ်းသာ တွေ့ရသည်။