ဘန်ကောက်ရောက် မြန်မာများ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒဖော်ထုတ်

စစ်အာဏာသိမ်း ၃ နှစ်ပြည့်လာသော်လည်း ပြည်သူများ မမေ့သေးဘဲ ဆက်လက်တော်လှန်နေသည်ကို ပြသသည့်အနေဖြင့် ဘန်ကောက်ရှိ မြန်မာအလုပ်သမားများက ယနေ့ နေ့လယ်ပိုင်းတွင် ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြခဲ့ကြသည်။ ယနေ့ဆန္ဒထုတ်ဖော်မှုကို ထိုင်းရောက် မြန်မာအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

အာဏာသိမ်းမှု ကန့်ကွက်သည့် အသံတိတ်သပိတ်လှုပ်ရှားမှု ကံပေါက်မြင်ကွင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကို အာဏာသိမ်း ၃ နှစ်ပြည့်သော ယနေ့တွင် မြန်မာနိုင်ငံအနှံ့ ပြုလုပ်နေပြီး ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ၊ ရပ်ကွက်အချို့ နှင့် ဖောင်းတောရွာလမ်းမတန်း အခြေအနေကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီနောက်ပိုင်း...

ထိုင်းတောင်ပိုင်းက မြန်မာပညာရေးစုံညီပွဲ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ဝပ်ဖိုဝိုင် သူရိယစန္ဒာမြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့ညက ပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းတွင် ထားဝယ်ဒေသရွှေ့ပြောင်းကလေးများအပြင် မြန်မာရွှေ့ပြောင်းက‌‌လေးများက KG အတန်းမှ အထက်တန်းအထိ ပညာသင်ယူလျက်ရှိသည်။

တိတ်ဆိတ်နေသော မောင်းမကန်

ခရီးသွား​တွေအကြား လူသိများထင်ရှားတဲ့ ထားဝယ်ဒေသက နာမည်ကျော် မောင်းမကန်ကမ်းခြေ ရဲ့ မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပွင့်လင်းရာသီ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီကလို ခရီးသွားတွေအများအပြား လာရောက်တာမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ စနေ၊တနင်္ဂနွေ...

နေအိမ်တစ်ရာကျော် မီးရှို့ခံထားရတဲ့ လောင်းလုံးမှာ “ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်နဲ့ဆန္ဒပြ

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး 'ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ' ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ပြုလုပ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ...

ထိုင်းတောင်ပိုင်းတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူး အခမ်းအနား

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့(အကြို) အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်(ယနေ့)နံနက်က ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ယခုပွဲမှာ ကြိုတင်ကျင်းပခြင်းဖြစ်သည်။

တော်လှန်ရေးနယ်မြေက လွတ်လပ်ရေးနေ့

ပုလောဒေသ၊ ရှေ့တန်းနယ်မြေတစ်နေရာတွင် စစ်ဘေးရှောင် ပြည်သူများအတွက်​ပြည်သူ့ကာကွယ်ရေးရဲဘော်များက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် အကျွေးအမွေးအစီအစဥ်များ ပြုလုပ် ကျင်းပပေးခဲ့ကြသည်။

ထိုင်းတောင်ပိုင်းရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် လွတ်လပ်ရေးနေ့ကျင်းပ

ထားဝယ်ဒေသခံကလေးရာချီ ပညာသင်ယူနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့ ကျင်းပနေသည်ကို တွေ့ရစဉ်။

လွတ်ငြိမ်းတွင်ပါဝင်သည့် ထားဝယ်ထောင်မှ အကျဥ်းကျနေသူများ စတင်လွှတ်ပေး

စစ်ကောင်စီ၏ လွတ်ငြိမ်းစာရင်းတွင် ပါဝင်သည့် ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၈၀ ဝန်းကျင်ခန့် လွတ်မြောက်မည်ဟု သတင်းများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နှစ်သစ်ကူးည လောင်းလုံးသပိတ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်၍ နှစ်သစ်ကိုကြိုဆိုသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုကို ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညတွင် ပြုလုပ်ခဲ့သည်။