ထိုင်းတောင်ပိုင်းက မြန်မာပညာရေးစုံညီပွဲ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ဝပ်ဖိုဝိုင် သူရိယစန္ဒာမြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့ညက ပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းတွင် ထားဝယ်ဒေသရွှေ့ပြောင်းကလေးများအပြင် မြန်မာရွှေ့ပြောင်းက‌‌လေးများက KG အတန်းမှ အထက်တန်းအထိ ပညာသင်ယူလျက်ရှိသည်။

တိတ်ဆိတ်နေသော မောင်းမကန်

ခရီးသွား​တွေအကြား လူသိများထင်ရှားတဲ့ ထားဝယ်ဒေသက နာမည်ကျော် မောင်းမကန်ကမ်းခြေ ရဲ့ မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပွင့်လင်းရာသီ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီကလို ခရီးသွားတွေအများအပြား လာရောက်တာမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ စနေ၊တနင်္ဂနွေ...

နေအိမ်တစ်ရာကျော် မီးရှို့ခံထားရတဲ့ လောင်းလုံးမှာ “ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်နဲ့ဆန္ဒပြ

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး 'ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ' ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ပြုလုပ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ...

ထိုင်းတောင်ပိုင်းတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူး အခမ်းအနား

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့(အကြို) အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်(ယနေ့)နံနက်က ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ယခုပွဲမှာ ကြိုတင်ကျင်းပခြင်းဖြစ်သည်။

တော်လှန်ရေးနယ်မြေက လွတ်လပ်ရေးနေ့

ပုလောဒေသ၊ ရှေ့တန်းနယ်မြေတစ်နေရာတွင် စစ်ဘေးရှောင် ပြည်သူများအတွက်​ပြည်သူ့ကာကွယ်ရေးရဲဘော်များက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် အကျွေးအမွေးအစီအစဥ်များ ပြုလုပ် ကျင်းပပေးခဲ့ကြသည်။

ထိုင်းတောင်ပိုင်းရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် လွတ်လပ်ရေးနေ့ကျင်းပ

ထားဝယ်ဒေသခံကလေးရာချီ ပညာသင်ယူနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့ ကျင်းပနေသည်ကို တွေ့ရစဉ်။

လွတ်ငြိမ်းတွင်ပါဝင်သည့် ထားဝယ်ထောင်မှ အကျဥ်းကျနေသူများ စတင်လွှတ်ပေး

စစ်ကောင်စီ၏ လွတ်ငြိမ်းစာရင်းတွင် ပါဝင်သည့် ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၈၀ ဝန်းကျင်ခန့် လွတ်မြောက်မည်ဟု သတင်းများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နှစ်သစ်ကူးည လောင်းလုံးသပိတ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်၍ နှစ်သစ်ကိုကြိုဆိုသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုကို ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညတွင် ပြုလုပ်ခဲ့သည်။

လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများ

လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ရှိနေခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော လေးသွန်းခံရွာမှ...

တောင်ပျောက်တိုက်နယ်တွင် ရိုးရာနတ်ပွဲကျင်းပ

နတ်ပွဲကျင်းပသည့်အချိန် ရောက်လာသည့်နှင့်အညီ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ကျွဲခြံရွာတွင်လည်း ရွာရှင်နတ်ပူဇော်ပွဲကို ယနေ့ကျင်းပခဲ့ကြသည်။ အာဏာမသိမ်းခင်က စည်းစည်းကားကားကျင်းပလေ့ ရှိသော်လည်း ယခုတွင်တော့ အကျဉ်းချုံးသာ ကျင်းပခဲ့ခြင်းဖြစ်သည်။