ညောပြင်ကျေးရွာ မီးရှို့ခံရ

လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာသို့ ရေလမ်းကရောက်ရှိလာသည့် စစ်ကောင်စီတပ်က ယနေ့(မတ် ၂၁) နေ့လယ် ၁၂ နာရီခန့်တွင် နေအိမ်များကိုမီးရှို့ခဲ့သည်။ မီးလောင်ပျက်စီးသွားသည့်နေအိမ် မည်မျှရှိသည်ကို လတ်တလောမသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပင်လယ်မှငါးဖမ်းပြန်လာသည့်...

ထားဝယ်မြို့ သင်္ကြန်ပွဲတော်ကျင်းပရန် လုပ်ဆောင်နေမှုများ

မကြာမီ ကျရောက်တော့မည့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရေး စစ်ကောင်စီက အားခဲလုပ်ဆောင်နေပြီး ထားဝယ်မြို့ထဲတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေသည်ကို ဧပြီလ ၅ ရက်နေ့က တွေ့မြင်ရစဉ်။ ယခုနှစ်တွင် ထားဝယ်မြို့တွင်းတွင် သင်္ကြန်မဏ္ဍပ်သုံး‌ခုနှင့် မြို့ပြင်မှာတစ်ခု စုစုပေါင်း...

ထိုင်းတောင်ပိုင်းတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူး အခမ်းအနား

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့(အကြို) အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်(ယနေ့)နံနက်က ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ယခုပွဲမှာ ကြိုတင်ကျင်းပခြင်းဖြစ်သည်။

ထားဝယ် ညသပိတ်

ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် တစ်ရက်အကြာ ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ထားဝယ်မြို့နယ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ် ပြုလုပ်ကြသည်။ ရန်ကုန်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ကျ ဆုံးခဲ့ရသော တော်လှန်ရေး ရဲဘော်များအားဂုဏ်ပြုသောအားဖြင့် ထားဝယ်...

ရိုးရာဓလေ့ ခေါသရပ်ပွဲ

မကျွတ်မလွတ်သူတို့အား အစားအစာကျွေးခြင်း ခေါ် ခေါသရပ်ပွဲအား တနင်္သာရီမြို့နယ်တွင် နှစ်စဉ် တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ရောက်တိုင်း ပြုလုပ်လေ့ရှိကြသည်။ ခေါသရပ်ပွဲသည် တနင်္သာရီမြို့နယ်၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ခေါသရပ်အဖိတ်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခေါသရပ်မုန့်ထိုးခြင်း၊ ၁၃...

ထောင်ဝင်စာပါဆယ် ပြန်လည်ပို့ခွင့်ပြုသည့် ပထမဆုံးရက်မြင်ကွင်း

ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ပင်ထားရာမှ ၁၃ ရက်အကြာတွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ရာ ထောင်ဝင်စာလာပို့ရန်အတွက် လာရောက်စောင့်ဆိုင်းနေသည့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များကို ထားဝယ်အကျဉ်းထောင်ရှေ့တွင် ယနေ့နံနက်က မြင်တွေ့ရစဉ်။ ထောင်ဝင်စာပါဆယ်ပစ္စည်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီသာ လက်ခံမည် ဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်၏ ကြေညာချက်တွင်...

တိတ်ဆိတ်ငြိမ်သက်သပိတ်နေ့ ထားဝယ်

အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ဆင်နွှဲနေကြသည်။ စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို တိတ်ဆိတ်မှုဖြင့် သက်သေပြကြခြင်းလည်း ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ယနေ့ ပြုလုပ်ခဲ့ကြသည်။ ယနေ့လှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲပြီး အမျိုးသမီးများ လူငယ်များနှင့် ‌ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ချီတက်ခဲ့ကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။

ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင် ဆံတော်ရှင်ဘုရား သီတင်းကျွတ်လပြည့်မြင်ကွင်း

ထားဝယ်ခရိုင် ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင်ရှင်ဆံတော်စေတီရဲ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ပိုင်းမှာ ရပ်ဝေးဘုရားဖူးအများစု လာရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ရပ်နီးဘုရားဖူးတွေ လာရောက်ဖူးမြှော်နေတယ်လို့ ဘုရားစျေးသည်တွေကပြောပါတယ်။ ကိုဗစ်မတိုင်မီအချိန်ကလို လပြည့်ည ဘုရားမှာညအိပ်လာရောက်ဖူးမြှော်သူတွေတော့...