လယ်ယာမြေပေါ် အခြားနည်း အသုံးပြုခွင့်မရှိဘဲ မြေဖို့၊ အိမ်ဆောက်၊ မြေအကွက်ရိုက်ကိစ္စ အမြင်များ

တနင်္သာရီတိုင်းအတွင်း လယ်ယာမြေပေါ် အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ အိမ်ဆောက်ခြင်း၊ မြေအကွက်ရိုက်ရောင်းချခြင်း တွင်ကျယ်စွာ လုပ်ကိုင်နေသည်။ ထိုသို့ အခြားနည်းအသုံးပြုခွင့်မရှိဘဲ လုပ်ကိုင်နေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြပ်မတ်စိစစ်မှု အားနည်းနေသည့်အပေါ် ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။

ဇူလိုင်တွင် ကျောင်းဖွင့်ရန် သေချာဟုဆို

အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်ရန် သေချာကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။ ရန်ကုန်ခေတ်သစ် မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထိုသို့ပြောကြားခြင်းဖြစ်ပြီး ကျောင်းဖွင့်မည့် ရက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထောက်ခံပွဲနှင့် ကျောင်းသားကိစ္စ ဝန်ကြီးနှင့် ပညာရေးဝန်ထမ်းများ ရှင်းတမ်း

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက် ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြောင်း ထောက်ခံပွဲကို မြိတ်မြို့တွင် ဒီဇင်ဘာလ ၉ ရက်က ကျင်းပရာ ပါဝင်ခဲ့သည့် ကျောင်းသူကျောင်းသား ဘင်ခရာအဖွဲ့ဝင်များကို တိုင်းပညာရေးမှူး၏ ညွှန်ကြားချက်အရဟုဆိုကာ ...

တရားဥပဒေ စိုးမိုးရေး ဧရိယာပြင်ပမှ ထော်လာဂျီများ

ထားဝယ်မြို့အတွင်း ထော်လာဂျီမဝင်ရလမ်းများကို တိုင်းဒေသေကြီးအစိုးရခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့်နှစ်များက သတ်မှတ်ထားသည်။ စည်းကမ်းမဲ့ ထော်လာဂျီအချို့က မြို့အတွင်း လူစည်ကားသည့် လမ်းများတွင် သံလုံး၊ ဘိလပ်မြေအိတ်များ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများတင်ဆောင်ကာ အရှိန်ပြင်းမောင်းနှင်မှုများ ကြောင့် မဝင်ရ လမ်းများ...

တိုင်းလွှတ်တော်အစီရင်ခံစာကိစ္စ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ တုံ့ပြန်ချက်နှင့် လူထုအသံ

တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုသို့ အစီရင်ခံစာပေးပို့ခဲ့သည့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအား ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခွင့်မပြုရန် ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်က NLD ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။...

ပြန်သိမ်းမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ပိုင်ခွင့်လျှောက်နိုင်သည့်ကိစ္စ လူထုအသံ

တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေးစီမံကိန်းများထံမှ ပြန်လည်သိမ်းယူထားသည့် မြေဧက သုံးသိန်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်လိုက်သည်။ မြေပြင်အခြေအနေတွင် ယင်းမြေများလုပ်ပိုင်ခွင့် လျှောက်ထားချိန် ကြုံတွေ့ရသည့်အခြေအနေနှင့် မြေယာအရေးလှုပ်ရှားနေသူများ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်ကိစ္စ အသံများ

ရှမ်းပြည်နယ်အောက်ပန်းမြို့တွင် စိုက်ထူထားသည့် ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည်ရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်ကို တိုးချဲ့မည့်လမ်းနှင့် မလွတ်ဟုဆိုကာ ဖြိုချနေသည့်ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်လ ၂၈ ရက်က ပျံနှံ့ခဲ့သည်။ ရှမ်းပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများကမူ ဖြိုချခြင်းမဟုတ်ဘဲ ဗထူးပန်းခြံအတွင်းသို့...

“တန်းတူအခွင့်အရေးဆိုတာ ဘာလဲ”

ကိုဗစ် လျှပ်စစ်ယူနစ် ခံစားခွင့် ထားဝယ်မပါ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ဈေးနှုန်း သို့မဟုတ် ယူနစ်လျှော့ပေါ့ပေးရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူများ မပါကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး...

သံချပ် ကြောက်သလား

လာမည့် မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ပြိုင်ပွဲ ၀င်ပြိုင်ကြရန်နှင့် ဆုကြေးငွေများ တိုးမြှင့်ပေးမည်ဟု တိုင်းနှင့် ပြည်နယ်အချို့မှ ဌာနဆိုင်ရာများက ဖိတ်ခေါ်ကြေညာနေသည်။ ထားဝယ်ရှိ တိုင်းအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်တွင်မူ ယခုနှစ်တွင်လည်း သံချပ်ထိုးသံ ကြားရမည် မဟုတ်ပေ။ တိုင်းအစိုးရ ဗဟိုမဏ္ဍပ်၏ ဖျော်ဖြေရေးအစီအစဉ်များ၊...

မြိတ်ငါးဈေးကိစ္စ လူထုအသံ

မြိတ်မြို့ပေါ်ရပ်ကွက် တစ်ခုပြီးတစ်ခု ရွှေ့ပြောင်းရောင်းချလာခဲ့ရသည့် မြိတ်ငါးဈေးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်ကစပြီး အင်းလေးမြိုင် စက်မှုဇုံရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးသို့ ဈေးသည်များဆန္ဒအရ ပြောင်းရွှေ့ခဲ့ကြသည်။ ယင်းသို့ပြောင်းရွှေ့ရောင်းချပြီး ၃ ရက်အကြာ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မူလရောင်းချခဲ့သည့် နေရာသို့ ပြန်လည်ပြောင်းရွှေ့ရန်...