Dawei Watch, Dawei News, Dawei News Media

၀န်ထမ်းတွေ အတွက်ပါပဲ

မော်တော်ယာဉ်လိုင်းများ၏ အသံ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ခရီးသွားလာမှုများအား ပိတ်ပင်ထားရာ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများလည်း ရပ်နားခဲ့ရသည်။ ယင်းနှင့်ပတ်သက်၍ ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏...
Dawei Watch, Dawei News, Dawei News Media

ဆိုင်ပြန်ဖွင့်ချင်တယ်

ကမ်းခြေစားသောက်ဆိုင်များ၏ အသံ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့ရာ ယင်းကမ်းခြေများအား အမှီပြု၍ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များမှာ အခက်တွေ့နေခဲ့ကြရသည်။...

ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်ကိစ္စ အသံများ

ရှမ်းပြည်နယ်အောက်ပန်းမြို့တွင် စိုက်ထူထားသည့် ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည်ရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်ကို တိုးချဲ့မည့်လမ်းနှင့် မလွတ်ဟုဆိုကာ ဖြိုချနေသည့်ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်လ ၂၈ ရက်က ပျံနှံ့ခဲ့သည်။ ရှမ်းပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများကမူ ဖြိုချခြင်းမဟုတ်ဘဲ ဗထူးပန်းခြံအတွင်းသို့...

ပြန်သိမ်းမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ပိုင်ခွင့်လျှောက်နိုင်သည့်ကိစ္စ လူထုအသံ

တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေးစီမံကိန်းများထံမှ ပြန်လည်သိမ်းယူထားသည့် မြေဧက သုံးသိန်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်လိုက်သည်။ မြေပြင်အခြေအနေတွင် ယင်းမြေများလုပ်ပိုင်ခွင့် လျှောက်ထားချိန် ကြုံတွေ့ရသည့်အခြေအနေနှင့် မြေယာအရေးလှုပ်ရှားနေသူများ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ငတ်ပြီး သေရမှာကို ပိုကြောက်တယ်

(အာဏာသိမ်းအပူပေါ် ကိုဗစ်က ထပ်ဆင့်လိုက်သော အခါ- လူထုအသံ) ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ယိုင်နဲ့နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို နောက်ထပ်အကြောင်းတရားတစ်ခုက ထပ်မံထိုးနှက်ခဲ့ပြန်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြား စီးပွားရေးလုပ်ငန်းအချို့ ပြန်ထွက်သွားခြင်း၊...

ထောက်ခံပွဲနှင့် ကျောင်းသားကိစ္စ ဝန်ကြီးနှင့် ပညာရေးဝန်ထမ်းများ ရှင်းတမ်း

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက် ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြောင်း ထောက်ခံပွဲကို မြိတ်မြို့တွင် ဒီဇင်ဘာလ ၉ ရက်က ကျင်းပရာ ပါဝင်ခဲ့သည့် ကျောင်းသူကျောင်းသား ဘင်ခရာအဖွဲ့ဝင်များကို တိုင်းပညာရေးမှူး၏ ညွှန်ကြားချက်အရဟုဆိုကာ ...

လယ်ယာမြေပေါ် အခြားနည်း အသုံးပြုခွင့်မရှိဘဲ မြေဖို့၊ အိမ်ဆောက်၊ မြေအကွက်ရိုက်ကိစ္စ အမြင်များ

တနင်္သာရီတိုင်းအတွင်း လယ်ယာမြေပေါ် အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ အိမ်ဆောက်ခြင်း၊ မြေအကွက်ရိုက်ရောင်းချခြင်း တွင်ကျယ်စွာ လုပ်ကိုင်နေသည်။ ထိုသို့ အခြားနည်းအသုံးပြုခွင့်မရှိဘဲ လုပ်ကိုင်နေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြပ်မတ်စိစစ်မှု အားနည်းနေသည့်အပေါ် ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။

တိုင်းလွှတ်တော်အစီရင်ခံစာကိစ္စ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ တုံ့ပြန်ချက်နှင့် လူထုအသံ

တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုသို့ အစီရင်ခံစာပေးပို့ခဲ့သည့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအား ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခွင့်မပြုရန် ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်က NLD ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။...

တရားမျှတမှု ပြန်ပေးပါ

(ကျန်ရစ်သူတွေရဲ့ အသံ) စစ်အာဏာသိမ်းကာလမှာ စစ်တပ်နှင့်ရဲက ပစ်သတ်လို့ သေဆုံးသွားသူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေဟာ သေဆုံးသွားသူတို့အတွက် တရားမျှတမှုကိုရချင်ပေမယ့်လည်း လက်ရှိအချိန်ထိ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုနဲ့ ကိုဗစ်ကပ်ဘေးကြားမှာ စီးပွားရေးမပြေလည်မှုတွေပါ ထပ်ပြီးရင်ဆိုင်နေရတာပါ။